ကောင်လေး က တိုက်ပွဲကျတာကို သိလိုက်ရချိန်မှာ ကောင်မလေးက နှလုံးရောဂါနဲ့ သေခဲ့ရတဲ့ အဖြစ်ပါ။ အချစ်စစ်ဆိုတာ တကယ်ရှိပါတယ်။ သူကတော့ တိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ရတဲ့ တပ်မတော်သား တစ်ဦးပါချစ်သူကောင်လေး တိုက်ပွဲကျတာကို သိလိုက်ရတဲ့နောက် ကောင်မလေးက ခုလို စိတ်မကောင်းစရာ Post လေး တင်ခဲ့ပါတယ်။ လူလိမ်ကြီးတဲ့လား ညီမလေးရယ် တကယ်ကို စိတ်မကောင်းစရာပါ ပြန်လာချိန်ကို

ဘယ်လောက်တောင် မျှော်လင့်နေခဲ့မလဲ မသိဘူး။ ချစ်သူအတွက် ဝမ်းနည်းကြေကွဲစွာနဲ့ Post လေး တင်အပြီးမှာတော့ ကမ္ဘ္ဘာပျက်မတတ် ခံစားခဲ့ရတဲ့ ကောင်မလေးဟာ နှလုံးခုံနှုန်းတွေ ရုတ်တရက် ရပ်တန့်ကာ

ကြေကွဲစရာ ဘဝကြီးကို စွန့်ခွာသွားပါပြီတကယ်တော့ တပ်မတော်သားလေးနဲ့ ချစ်သူကောင်မလေးဟာ မပြီးနိုင်တဲ့ ပြည်တွင်းစစ်ရဲ့ မြေစာပင်လေးတွေပါ စစ်ဘေးကြောင့် ဒုက္ခ္ခရောက်ကြရတဲ့ ပြည်သူတွေနဲ့

အတူ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ ချစ်ခင်ကြင်နာရသူတွေလည်း ပြည်တွင်းစစ်ရဲ့ဒဏ်ကို ခံစားနေကြရတာပါပဲ။ ပြည်တွင်းစစ်ကြီး အမြန်ဆုံးပြီးဆုံးကာ ငြိမ်းချမ်းရေးမြန်မြန်ရပြီး ခုလို

ဖြစ်ရပ်တွေ နောက်ထပ်မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပေးပါတယ် ရောက်ရာဘုံဘဝမှာ တပ်မတော်သားလေးနဲ့ ချစ်သူကောင်မလေးတို့ ပျော်ရွှင်စွာ ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။