မ နက်ဖြန်ဆိုရင် ခရစ်ယာန် ဘာသာဝင် ညီအစ်ကိုမောင်နှမတွေရဲ့ အလေးအမြတ်ထားရာ ခရစ္စမတ်နေ့လေးကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒီနေ့မတိုင်ခင်ကတည်းက ခရစ္စမတ်ရဲကအငွေ့အသက်တွေကို စတင်ခံစားခဲ့ကြရပါတယ်။ ခရစ္စယာန်ဘာသာ

ကိုးကွယ်တဲ့ အနောက်တိုင်းအရပ်မှာတော့ ဒီလို ကာလမျိုးဆိုရင် ဈေးဆိုင်တွေဟာ အဝတ်အထည်နဲ့ ဒစ္စကောင့်တွေချတတ်ပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာတော့ ဒီအလေ့အထလေး တစ်ဖြေဖြေးတော့ ကူးဆက်လာပါပြီနော်ဒီအချိန်မှာဆိုရင် စူပါမားကတ်နဲ့ ဈေးဝယ်စင်တာတွေမှာလည်း ခရစ္စမတ် ဘိုးဘိုးကြီးအရုပ်နဲ့ ခရစ္စမတ် သစ်ပင်တွေကိုလည်း အားလုံးမြင်တွေ့ရမှာပါနော်။ ခရစ္စမတ်သစ်ပင်တွေကတော့ အိမ်တိုင်းဆိုင်တိုင်းမှာ အကောင်းဆုံး ကြိုးစားပြင်ဆင်ကြတာကိုလည်းတွေ့ရပါလိ့မ်မယ်နော်။

သြစတြေးလျ နိုင်ငံ မဲဘုန်းမြို့မှာလည်း ခရစ္စမတ်သစ်ပင်ပုံစံတွေကို အိမ်တိုင်းအလှဆင်ကြပါတယ်။ အဲ့ဒီမှာတော့ အိမ်တစ်အိမ်က ခရစ္စမတ်သစ်ပင် ပေါ်မှာ မြွေသုံးကောင်ရစ်ထွေးနေတာကို ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် လမ်းခရီးသွားပြည်သူတွေဟာ ထိတ်

လန့်ခဲ့ရပါတယ်။ အချို့တွေကတော့ တမင်တကာ စတန့်ထွင်ချင်လို့ လုပ်တာဖြစ်ပြီးမြွေတွေက အရုပ်မြွေတွေပါလို့ ပြောဆိုကြပါတယ်။

တကယ်တော့ အဲ့တာဟာ မြွေအစစ်တွေဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မွေးမြွေတွေပါ။ သူတို့ဟာ အဆိပ်အပြင်းဆုံး မြွေတွေလည်းဖြစ်ပါတယ်။ သို့သော် သူတို့ဟာ အဆိပ်ထုတ်ထားတာမို့ စိုးရိမ်စရာမရှိပါဘူးလို့လည်း ပိုင်ရှင်ဖြစ်သ Raymond Moser က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ်နော်။ အခုလို ထူးခြားအောင်လုပ်တာတော့ ကိုယ်သာဆိုရင် ထိတ်လန့်မိမှာ အမှန်ပါပဲနော်။

Writer – SMT( Shwe Yaung Lan)