လူ အများစု ဟာ အပေါ့ အလေးစွန့်တဲ့အချိန်ကလွဲရင် အိမ်သာဘက်ခြေဦးလှည့်ချင်တဲ့အချိန် ရှားပါတယ်။ သို့ပေမယ့် အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးကတော့ အိမ်သာမှာပဲနေကာ အိမ်သာထဲမှာပဲ အစားအသောက်ချက်ပြုတ်စားသောက်ပြီး အိပ်သာမှာပဲ အိပ်တယ်လို့သိရပါတယ်။

Premiajds လို့ အမည်ရ တဲ့ ထိုအမျိုးသားဟာ အများပြည်သူသုံး အိမ်သာမှာ အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။ သူဟာ ထိုအိမ်သာမှာပဲနေပြီး အိမ်သာပိတ်ချိန်မှာ အစားအစာချက်ပြုတ်ပါတယ်။ ထို့နောက်မှာတော့ နေရာကိုရှင်းလင်းပြီး အိပ်စက်တယ်လို့ သိရပါတယ်။

သူ ကတော့ သူ့ရဲ့အလုပ်နဲ့ပတ်သတ်ပြီး စိတ်မသက်မသာဖြစ်ရတာလဲမရှိသလို ရွံစရာလို့လည်း မခံစားမိပါဘူးလို့ဆိုပါတယ်။ သူဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလည်း အလုပ်မလုပ်နိုင်တဲ့အတွက် ဒီနေရာဟာ သူ့နဲ့ကိုက်တဲ့အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ထိုအိမ်သာမှာ အလုပ်လုပ်နေတာ သုံးနှစ်ရှိပြီလို့လည်း သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )
Source-Brocraft