လိုင် သာယာ မှာနေရတာ လုံးဝ မလုံခြုံပါ လက်ဝတ်လက်စားဝတ်ပီး အပြင်လုံးဝမထွက်သင့်ပါ လူအများကြီးရှိနေတာတောင်စိတ်မချရတဲ့မြို့ပါ

လူတွေရှေ့ မှာ လင်မယားလိုလို ဘာလိုလို နဲ့ အပြောခံရပီး ဓားထောက်အလု ခံရတာပါ (ဓားက ဓားအိမ်ပါရှိပီးအရှည် ၉လက်မခန့်ရှိပါသည်)နဝဒေး မှတ်တိုင် ( နဝဒေးအိမ်ယာရှေ့) YBS စောင့်နေတဲ့လူတွေအများကြီးကြားထဲမာ လင်မယားလိုလို ဘာလိုလို လာပြောတော့ ဘေးက လူတေက လင်မယားချင်းစကားများသလိုမြင်၍ ဝင်မဆွဲကြဘူး ဘေးက ကိုယ်ကအော်တော့ ကိုယ့်ပါ ဓားနဲ့ရွယ်ထားတာ ဘေးက. ကားလမ်းမာသွားနေတဲ့ Taxiတွေကို လက်တားပီး အကူအညီတောင်းသော်လည်း ဘယ်သူမှ မကူညီ တော့ သူ့လက်ကို ဆွဲပီးလှည့်အပြေး လုယက်သူ(အသက် နစ်ဆယ်ကျော်သုံးဆယ်ဝန်းကျင် ) ထိုလူကဆောင့်တွန်းလိုက်၍ ကျမတို့နှစ်ယောက်လုံးလဲကျသွားတော့မှ ဆွဲကြိုး ကို ဖြတ်သွားတာပါ ဆွဲကြိုးဖြတ်ပီးတော့ သူကေအေးအေးဆေးဆေးပဲ

အဲ့ဒီမှာ လူသုံးယောက် ပါ တဲ့ဆိုင်ကယ် တစ်စီးက အနားမာ လာရပ်တယ် အဲ့ဒါနဲ့ ကျမလည်းပါးစပ်နဲ့မအော်ရဲပဲ ပါးစပ်က လူပ်ရုံဖြင့် လက်နဲ့ တကယ်လင်မယားမဟုတ်ပဲ အကြမ်းဖက် ဓားပြတိုက်နေကြောင်း ပြော၍ အကူအညီ တောင်းသော် ဆိုင်ကယ်ပေါ်မှ အသက် လေးဆယ်ဝန်းကျင် လူက အောက်ဆင်းလာပီး ( ဟို စောက်ကောင်မ ပါးစပ်ပိတ်ထား သေချင်လား)ဟုပြောပီး ကျမတို့ရှိရာဘက် ပထမ လုယက်သူနှင့်အတူ ပြန်လျောက် လာပြန်တယ် အဲ့ဒါနဲ့ အဲ့ဒီလမ်းဘေးက ကျူးကျော် အိမ်လေးထဲ အမ ကြီးတစ်ယောက်တွေ့သဖြင့် ကူညီပါဦးမကြီးရယ်ဟု ထပ်မံ အကူအညီတောင်းသော် ( ငါနဲ့မဆိုင်ဘူး လေ မသိဘူး) ဟု အော် ပီး ပြန်နင်ထုတ်ပြန်တယ် ကျမ လည်း ကြောက်ကြောက်နဲ့ သူ့လက်ကို ဆွဲပီး ဘေးက စိနိဂေဟာ ထဲကို ပြေးဝင် တော့မှ သူတို့ ဆက်မလိုက်လာကြပဲ အစ ပျောက် သွားတယ်

ဒီတော့မှ ဈေးဝယ်သူတွေရော Taxi သမားတွေရော ဆိုင်ကယ်ကယ်ရီ သမားတွေရော လာမေးကြတယ် လင်မယားချင်းစကားများတယ်ထင်လို့ လာမကူညီတာလို့ ပြောကြတယ် ကျမတို့လညိးကြောက်ကြောက်နဲ့ ဖြစ်သမျှ အားလုံးပြောပြရင်း အလုခံလိုကိရတဲ့ ကျမ ညီမလေးက ငိုပီး တစ်ကိုယ်လုံးဆတ်ဆတ်တုန်နေတယ် ကိုယ်လည်းဘာလုပ်ပီး ဘာပြောရမှန်းမသိဘူး မကြုံဖူး မတွေ့ဖူးတဲ့ ကိစ္စကို ကိုယ်တိုင်ကြုံလိုက်ရတော့ ကြောက်ရုံအပြင် ဘာစကားမှ ပြောမထွက်ဘူး

စိန်ဂေဟာ center ရှေ့မှာ ကယ်ရီ ဆွဲနေတဲ့ ဆိုင်ကယ်သမားတစ်ယောက်က ညီမလေးတို့ မပြန်သေးနဲ့ဦး နော် အကို ဒီနားက ဘုရားလမ်းရဲကင်း ဆီ ph ဆက်ထားတယ် ခဏလေး သူတို့လာလိမ့်မယ် ပီးရင် အားလုံးပြောပြလိုက်တဲ့ ကွင်းဆက် အမူလိုက်လို့ရအောင်တဲ့ အခင်းဖြစ်တော့ ၁၁နာရီ ၄၀မိနစ်ရှိပီး အဲ့ဒီအချိန်ပဲ ရဲကင်းဆီ ဆက်သွယ်လိုက်တာ ဖြစ်ပေမဲ့ တကယ်တမ်း ရဲ ကင်း ဆိုသူရောက်လာတော့ ၁၂နာရီ ၂၅ မိနစ်ဝန်းကျင်ရှိနေပီး ဖြစ်သည်။ ရဲကင်းကို ကျမတို့ အားခေါ်သွားတယ်

(ရဲကင်းနဲ့ အခင်းဖြစ်နေရာသည် ဆယိမိနစ်လောက်ပဲလျှောက်ရတဲ့ခရီးအား ရဲကင်းတစ်ဦးရောက်ရှိချိန်သည် အဘယ်ကြောင့် တစ်နာရီ နီးပါး ဖြစ်နေရသနည်း။) ရဲကင်းရောက်တော့ လူပုံစံ ပီးတော့ ဘယ်လိုဖြစ်တယ် အားလုံးမေးတယ် ကျမတို့လည်း မခြွင်းမကျန် ကြုံရသမျှအားလုံးဖြေပေးပါတယ် နောကိတစ်ယောက်ပီးတစ်ယောက် ရောက်လာတယ် အိမ်က ကောင်မလေး အမေလည်းလိုက်လာတော့ အခင်းဖြစ်ပုံကို ထပ်မေးပြန်တယ် အားလုံးမေးမြန်းပီး အဲ့လောက်ဆို သူတို့သိတယ် အမူဖွင့်လိုက်ပါတဲ့ ကိုယ်လည်းဥပဒေ ကိုသေချာမသိသလို အရမ်းလည်းနားမလည်းပါဘူးအက်လိုတွေ မလုပ်ချင်ဘူး သမီးတို့ မိသားစု ထိခိုက်မှာစိုးတယ်ပြောတော့ ပစ္စည်းတွေက ပြန်ရတယ်တဲ့ ဒါပေမဲ့ အချိန်တော့ တစ်လ နှစ်လ ပေးရမယ်တဲ့ ၂နာရီလောက်ရှိတော့ ပျောက်နေပီပဲ ဘယ်တတိနိုင်မလဲ ပြန်မယ်ဆိုပီးကောင်မလေးအမေဖြစ်သူက ပြောတော့ ရဲကင်း တစ်ဦက အမေကြီး အဲ့ဒီလိုကောင်တွေက အမေကြီးတို့ ရပ်ကွက်ဘက်မှာနေတာများတယ် အမေကြီးတို့နဲ့ အမျိုးတောင် တော်ချင်တော်နေမာတဲ့ အပြောင်အပျက် ပြောလိုက်သေးတယ်

အဲ့ဒီမှာ ကျမ အဲ့ဒီရဲကို တစ်ခု အကြံပေးလိုက်သေးတယ် နဝဒေး အိမ်ယာရှေ့မှာ CCTV ရှိတယ်လို့ တကယ်လို့ကျမတိဲု့အဲ့ဒီမှတ်တမ်းကြည့်နိုင်ရင် တွေ့ကောင်းတွေ့နိုင်တယ်ပြောတော့ အင်း အဲ့ဒါဟုတ်တယ် ဒါမဲ့ အဲ့ဒီမှတ်တမ်းက ခရိုင်းရုံးမှာပဲရှိတယ် တဲ့ အဲ့ဒီတော့ ဘယ်လိုဆက်၍ ဖမ်းကြပါမလဲ (ခရိုင်ရုံးမှာပဲ Recordကြည့်နိုင်တဲ့ CCTVကို ဘာလို့ လိုင်သာယာမှာ တပ်ဆင်ထားရပါသလဲ) နေ့ခင်းကြောင်တောင် ဓားထောက်ပီး လုယက်မူကို တောင် အရေးတယူ အကူအညီ မပေးနိုင်ရင် ကျန်တဲ့ အချိန်များမှာဆို ပို၍ ပင် ဝေးလံကြောင်း သတိပေးချင်တာပါ သူတို့ ပုံစံမျိုးတွေက လူသတ်ဖို့ ဝန်လေးမဲ့ ပုံတွေ မဟုတ်လို့ ရွှေထည် ဝတ်သည်ဖြစ်စေ မဝတ်သည် ဖြစ်စေ လိုင်သာယာ သည် လုံးဝ မလုံခြုံပါ.

မြန်မာနိုင်ငံကမည်သည့်အရပ်ဒေသမှ ရဲတပ်ဖွဲ့များမဆို May I help you ဟူသည် ဆောင်ပုဒ်အတိုင်း ပြည်သူတွေကို နွေးထွေးစွာ အကာအကွယ်ပေးနိုင်ရန် မျှော်လင့်လျက် _____ဆွဲကြိုးက ကာလတန်ဖိုး ခြောက်သိန်းကျော်တန်ပါတယ် ဇွဲထကိရွှေဆိုင်မှာ လုပ်ထားတါ ပါ ပီးခဲ့တဲ့ ၉လပိုင်းက မှ လုပ်ထားတာ ဖြစ်ပါတယ် လိုင်သာယာမှာနေသူအားလုံး share ပေးကြပါနောက်ထပ် ထပိမကြုံကြစေဖို့ အချင်းချင်းရိုင်းပင်းကူညီကြပါ ….