သူမချစ်တဲ့ ယောင်္ကျားနဲ့ယှဉ်လာရင် ဘာမှမတပ်မက်တတ်ကြဘူး … ။
Thiha
Unicode
ဒီအချက်တွေကို သေချာမသိဘဲ မိန်းမတစ်ယောက်ကို သင်ချစ်ဖို ့ မစဉ်းစားပါနဲ့
ပြောပြမယ် မိန်းမဆိုတာ… မိန်းမဆိုတာ…ဘယ်လောက်ပဲ စီးပွားရှာတတ်ပါစေ…
မောပန်းလာရင် သူအရင်ဆုံး ရှာတာက သူချစ်သူ လက်မောင်းတစ်ဖက် ဖြစ်တယ် … ။ မိန်းမဆိုတာ…ဘယ်လောက်ပဲ သူ ့ခြေပေါ်ရပ်တည်နိုင်ပါစေ…
သူချစ်တဲ့ယောကျင်္ားရှေ့ ကလေးလို….ကပ်ချွဲချင်တတ်ကြတယ် … ။ မိန်းမဆိုတာ…ဘယ်လောက်ပဲ..ပညာတွေတတ်နေပါစေ…
သူချစ်တဲ့ယောကျင်္ားကို ဘာမှမသိသလိုလေးနေပြီး အားကိုးချင်တတ်ကြတယ် … ။ မိန်းမဆိုတာ…ဘယ်လောက်ပဲ… ချောမောနေပါစေ …. ။
သူ ့ရှေ ့ရောက်ရင် ပိုပြီးကို လှချင်နေတတ်ပြန်တယ် … ။ မိန်းမဆိုတာ…ဘယ်လောက်ပဲ..ဥစ္စာဓနတွေပြည့်စုံနေပါစေ … ။
ချစ်သူက သူမနံဘေး နေပေးတာလောက် ဘယ်အရာကမှ ပြည့်စုံစေတယ် မထင်ဘူး … ။
မိန်းမဆိုတာ…ဘယ်လောက်ပဲ အကောင်းကြိုက်သူဖြစ်နေပါစေ … ။
သူမချစ်တဲ့ ယောကျင်္ားနဲ့ယှဉ်လာရင် ဘာမှမတပ်မက်တတ်ကြဘူး … ။
မိန်းမဆိုတာ..သူ့ချစ်သူဆီက အချစ်ကို အကုန်ရထားတာသိနေပေမယ့် လက်ကျန်မရှိ အပြည့်အဝကို ချစ်စေချင်တဲ့ လောဘလေးလည်း ရှိကြသေးတယ် … ။
မိန်းမဆိုတာ…ဘယ်လောက်ပဲ ကိုယ့်နဲ့စကားတွေပြောနေပါစေ… စကားထဲ တခြားသူနာမည် ပါလာရင် မဟုတ်မှန်းသိသိချည်းနဲ့ အူတိုတတ်ကြသေးတယ် … ။
မိန်းမဆိုတာ…ဘယ်လောက်ပဲ စိန်တွေ ရွှေတွေပေါနေပါစေ… ချစ်သူဝယ်ကျွေးတဲ့ ပီကေလေးတစ်ခုက စိန်ရွှေတွေထက် တန်ဖိုးပိုကြီးနေတတ်တယ် … ။
မိန်းမဆိုတာ…သူ ့ချစ်သူက သူမတစ်ယောက်တည်းကိုပဲချစ်တယ်ပြောနေပေမယ့် သူမကလွဲပီး ဘယ်သူမှမချစ်ဘူးလို ့ကြားချင်ကြပြန်သေးတယ် …. ။
မိန်းမဆိုတာ…ဘယ်လောက်ပဲ..ရင့်ကျက်နေပါစေ သူချော့တာလေးခံချင်လို ့ အနည်းဆုံးတော့ စကားအတိုက်အခံလုပ်ပြီး……စိတ်ဆိုးပြတတ်ကြသေးတယ် … ။
မိန်းမဆိုတာ …အပြင်က ကြည့်ရင် စိတ်မာတယ်လို့သာ ထင်ရတာ… တခါတလေ သူများတွေထက် နူးညံ့တဲ့အချိန်လည်း ရှိတတ်ကြတယ် … ။
တကယ်တော့ ….မိန်းမဆိုတာလေ…. သူချစ်တဲ့သူနဲ့ဆိုရင်…
အရမ်းလည်း ချစ်တတ်တယ်…အရမ်းလည်း ရစ်တတ်တယ်…အရမ်းလည်း စိတ်ကောက်တတ်တယ်…
အရမ်းလည်း ဆိုးတတ်တယ်…အရမ်းလည်း ချွဲတတ်တယ်…အရမ်းလည်း စိတ်နာတတ်တယ်…
အရမ်းလည်း အချော့ကြိုက်တယ်…အရမ်းလည်း လှချင်တယ်…အရမ်းလည်း အူတိုတတ်တယ်…
အရမ်းလည်း ခံစားတတ်တယ်…အရမ်းလည်း လောဘကြီးတယ်… ဒါတွေကို သေချာ မသိဘဲ….မိန်းမတစ်ယောက်ကို သင်ချစ်ဖို ့မစဉ်းစားပါနဲ့။
Thiha