စစ် ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဆိုင်ကယ်များခိုးယူသည့်တရားခံ(၅)ဦးနှင့်အတူ ဆိုင်ကယ်(၁၅)စီးကို ဒီဇင်ဘာလ ၂၄ရက်နေ့က ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်းမှုး ဒုရဲမှုးသိန်းဆန်းဦးထံမှ သိရသည်။

ဖြစ် စဉ် မှာ ဒီဇင်ဘာလ ၊၂၃ရက် ည၉နာရီ ၃၀မိနစ်က ရွှေဘိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်း ရဲအုပ်ပြည့်ဖြိုးသူ ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၆)ရပ်ကွက်၊ အောင်မြေဘုရားဝန်းအတွင်း နန်းလင်း(ခ)ဂျော်ကာ၊ အောင်မြင့်သန်း၊ ဟိန်းမိုး(ခ)ကိုကိုနိုင်၊

ကျော် မျိုးခိုင်(ခ)ဘဂျမ်းဘဂျမ်းနှင့် နန်းဇော်ဦးတို့အား နံပတ်မပါ ဂျမ်ဘို 125 နီ/နက်ကြား ဆိုင်ကယ်၊ နံပတ်မပါ CANDA နီ/နက်ရောင်ဆိုင်ကယ်တို့နှင့်အတူ (၈)တီဆိုဒ်ဖြင့် ပြုလုပ်ထားသော ‌ဆိုင်ကယ်သော့ဖွင့်ရာတွင် အသုံးပြုသည့် သောတု(၁)ချောင်းတို့နှင့် တွေ့ရှိရပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ အထောက်အထားမပြနိုင်ဘဲ နေအိမ် အဆောက်အဦးတစ်ခုအတွင်းမှ ခိုးယူလာသည်ဟု ယူဆရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့သည်။ ဆက်လက်၍ စစ်ဆေးမေးမြန်းရာ ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ခိုးယူထားသော ဆိုင်ကယ်(၁၅)စီးအား ဒီဇင်ဘာလ(၂၄)ရက်က သိမ်းဆည်းနိုင်ခဲ့ပြီး ကျန်ရှိနေသော ဆိုင်ကယ်များ ဆက်လက်သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်ခိုးယူသူများဖြစ်သည့် ဒီပဲယင်းမြို့နယ်အတွင်းမှ လက်လှုပ် ကျေးရွာနေ နန်းလင်း(ခ)ဂျော်ကာ (သ) ၃၄နှစ်၊ ကုန်းတဲကျေးရွာနေ အောင်မြင့်သန်း(သ) ၃၀နှစ်၊ ကုန်းတဲကျေးရွာနေ ဟိန်းမိုး(ခ)ကိုကိုနိုင်(သ) ၂၁နှစ်၊ ကုန်းတဲကျေးရွာနေ ကျော်မျိုးခိုင်(ခ) ဘဂျမ်း(သ) ၁၉နှစ်နှင့် ကုန်းတဲကျေးရွာနေ နန်းဇော်ဦး(သ)၁၉နှစ်တို့အား ရွှေဘိုမြို့မရဲစခန်းမှ (ပ)၁၀၅၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။ထွန်းမြင့်အောင်(ရွှေဘို)