အင် တာနက် လူမှုကွန်ရက်ပေါ်မှာ ကဗျာတွေရေးရင်း လူ သိများလာခဲ့တဲ့ သားသခင်(မကွေး) ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။ သူဟာ နိုင်ငံရေးအယူအဆတွေကို ကဗျာလို စာချိုးနဲ့ ရေးတာကြောင့်လည်း လူသိများ ထင်ရှားလာသူဖြစ်ပါတယ်။

သူ ကတော့ သူမြတ်နိုးတန်ဖိုးထားတဲ့ အမေစု ပုံတူ ကောက်ရိုးပန်းချီကို ကိုယ်တိုင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ကောက်ရိုးပုံတူ ပန်းချီကားတစ်ချပ်ရဖို့အတွက် အချိန်အကြာကြီးလုပ်ခဲ့ရတာဖြစ်သလို ၊သူ့ရဲ့ အနုပညာလက်ရာလို့လည်းသိရှိရပါတယ်။ ဒီအတွက် အစအဆုံးကုန်ကျငွေ သိန်း ၂၀ ခန့်ရှိတယ်လို့သိရပါတယ်။

ဒီ လို အမေစုပုံတူ ကောက်ရိုးပန်းချီကို တော့ မိတ္ထီလာအဖွဲ့ချုပ်ရုံးမှာ ထားရှိတားတယ်လို့သိရပါတယ်။ နောက်ထပ် ကောက်ရိုးပုံတူ ပန်းချီတစ်ချပ်ကိုလည်း သားသခင်(မကွေး)ထံ အပ်နှံထားတယ်လို့သိရပါတယ်။ ဒီ ပုံတူပန်းချီကတော့ ဘယ်မြို့နယ်ရုံးခန်းမှာ ထားရှိမလဲဆိုတာတော့ မသိရှိရသေးပါဘူး။