ပရိသတ်တွေ ရဲ့ အချစ်တော်ဖြစ်တဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ သားသားလေးတစ်ယောက် မီးမီးလေးတစ်ယောက်နဲ့ အတူ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ ခင်ပွန်းဖြစ်သူရဲ့အလိုလိုက်ချစ်ခင်မှုကို အပြည့်အဝရရှိထားပြီး မိန်းကလေးတိုင်း အားကျရလောက်တဲ့ အိမ်ထောင်ရေးလေးကိုလည်း ရရှိထားတာဆိုရင်လည်း မမှားပါဘူး။အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့လည်း အားပေးချစ်ခင်တဲ့ ပရိသတ်တွေကတော့ ရှိနေပါသေးတယ်။

သဉ္ဇာနွယ်ဝင်း ရဲ့ သားသားလေးဟာဆိုရင်လည်း အရွယ်နဲ့မလိုက်အောင် ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပါ။သဉ္ဇာနွယ်ဝင်းက သမီးလေးကိုတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ (၂၉)ရက်နေ့ကမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းရဲ့ သားသားလေးက ရက်သားလေးသာရှိသေးတဲ့ သူ့ရဲ့ညီမလေးကို ကြည့်ပြီး အူဝဲလေးလုပ်နေတဲ့ ဗီဒီယိုလေးကို သဉ္ဇာနွယ်ဝင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ အနှီးထုတ်လေးထဲကနေ လသားအရွယ်ကလေးလေးလိုလုပ်နေတဲ့ Peach ရဲ့ပုံစံလေးကို ပရိသတ်တွေက အသည်းတွေယားပြီး အချစ်တွေပိုနေကြရပါသေးတယ်။ ပရိသတ်ကြီးရေ ညီမလေးကို ကြည့်ပြီး အူဝဲပေါက်စလေးလို ချွဲနေတဲ့ Peach လေးရဲ့ချစ်စရာကောင်းလှတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။