ပီးခဲ့ တဲ့ ၂၀၁၈ ခုနှစ်က ကြွေလွင့်ခဲ့ရတဲ့ ဟာသ video လေးတွေနဲ့ ပရိသတ်တွေရဲ့ ကိုယ်စိတ်နှလုံးကို ပြုံးပျော်စေတဲ့ အောင်ရဲထွေးရဲ့ အမှုဟာဆိုရင်တော့ အခုချိန်ထိတိုင်အောင် ပြတ်သားတဲ့ အခြေအနေ အဖြေတစ်ခုကို ရရှိလာခြင်းမရှိသေးပါတယ်။ သေသောသူ ကြာရင်မေ့ဆိုတဲ့ စကားရှိခဲ့လည်း အောင်ရဲထွေးကိစ္စကတော့ ပြည်သူ့လူထုရဲ့ ရင်ထဲမှာ တရားဥပဒေ စိုးမိုးမှုကို စိန်ခေါ်နေတဲ့ ဖြစ်ရပ်တစ်ခုရယ်လို့ မှတ်သားထားတာကြောင့် အခုချိန်ထိတိုင် အမှတ်တရ ရှိနေကြတာပဲ ဖြစ်ပါတယ်။

အ ခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို အောင်ရဲထွေး သေဆုံးမှုရဲ့ နောက်ဆက်တွဲ သတင်းတစ်ခုကို ဖော်ပြပေးသွားချင်ပါတယ်။ အခုဖော်ပြပေးသွားမယ့် အကြောင်းအရာလေး မတိုင်မီ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ရက်နေ့က တရားစွဲဆိုခံထားရတဲ့ တရားခံ ၃ ဦးကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်ကနေပြီး ရာဇသတ်ကြီး ပုဒ်မ ၃၂၅ အပြင်းအထန် နာကျင်စေမှုအဖြစ် ပြောင်းလဲ စွဲချက်တင်ခဲ့တာကိုလည်း မသိရသေးတဲ့ သူတွေ သိရအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အခု ပရိသတ်တွေကို အသိပေးအကြောင်းကြားပေးသွားမယ့် အကြောင်းအရာလေးကတော့ အောင်ရဲထွေး သေဆုံးမှုရဲ့ စွပ်စွဲခံ ၃ ဦး ဖြစ်တဲ့ သားကြီး (ခ) သန်းထွဋ်အောင် ၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး ၊ ကျော်ဇောဟန် (ခ) ကျော်ဇော် တို့ကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၉ ခုနှစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးမှ ဖမ်းစီးထားသူ ၃ဦးကို တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ဖြင့် အာမခံ ပေးလိုက်တယ်ဆိုတဲ့ သတင်းလေး ဖြစ်ပါတယ်။ ယခင်ကလည်း ဖမ်းဆီးထားသူ ၃ ဦးကို အမှုကနေ တရားရှင်လွှတ်ပေးခဲ့တာ မျိုးလည်း ရှိခဲ့တာကြောင့် အောင်ရဲထွေး အမှုပေါ်မှာရှိတဲ့ လူကြီးမင်းတို့ရဲ့ ထင်မြင်ယူဆချက်လေးတွေကိုလည်း ပြန်လည်မျှဝေပေးခဲ့ကြပါဦးနော် ။

Source-ဟီးဟီးဟားဟား