လူသားတွေ ရဲ့ အတ္တတွေကြောင့် ကမ္ဘာ့ရာသီဥတုဟာ ဆိုးရွားနေခဲ့ပါတယ်။ မကြာသေးခင်ကပဲ အအေးလိုင်းဖြတ်တာကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဘက်မှာ သေဆုံးသူတွေရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ သိပ်မရှိခဲ့ပါဘူး။ မသိတာလည်းဖြစ်နိုင်ပါတယ်။

ယခုအခါဟာ ဟေမာန် ဆောင်းရာသီဖြစ်ပေမယ့်လည်း နေ့ဆိုရင် အတော်လေးပူပါတယ်။ ဒါပေမယ့် အခုလို ဆောင်းရာသီမှာ ဒီဇင်ဘာလ ၂၇-၂၈ ရက်နေ့ နေ့လည်ပိုင်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ သိရပါတယ်။

ရွာသွန်းနိုင်တဲ့ နေရာတွေကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း/အထက်ပိုင်း ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ မန္တလေးအထက်ပိုင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ရွှေဘိုနယ်အထက်ပိုင်းက သဖန်းဆိပ်ရေဝင်ဧရိယာနဲ့ ပင်လယ်ဘူး ဝင်သို ကောလင်း ၊ ကသာ ရွှေကူ ဗန်းမော် လိုင်ဇာ မိုးမိတ် မိုးညှင်း မိုးကောင်း နမ္မတီး အင်းတော် မော်လူး နန့်စီအောင် မော်ဟန် ဟိုပင် ဗန်းမောက် နမ့်မွန်း အင်းတော်ကြီး ပင်ဘော ဖားကန့် ကာမိုင်း မြစ်ကြီးနား ချီဗွေ ပန်ဝါ စတဲ့ ဒေသတွေမှာ မိုးရေချိန် လက်မများများရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် အချိန်အခါမဟုတ်ရွာတဲ့ မိုးကြောင့် မိမိတို့ရဲ့ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိရလေအောင် ၊ လုပ်ငန်းများ ပျက်ဆီးခြင်းမကြုံရလေအောင်လို့ အားလုံးကို သတိပေး နှိုးဆော်လိုက်ပါတယ်။ အားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေ။

Writer – SMT( Shwe Yaung Lan)