Myanmar Idol Season 4 ဟာ လက်ရှိအချိန်မှာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အချိန်ကို ရောက်နေပါပြီ….နောက်ဆုံး Grand Final အဆင့်ကို ရောက်နေတာ ဖြစ်ပြီးတော့ ပြိုင်ပွဲဝင် ၃ ဦးသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်….

ဒီ ၃ ဦးထဲမှာ မြန်မာရုပ်ရှင်ဇာတ်ဝင်တေးတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ အချိန်မှာ အမှားလေး အနည်းငယ်ပါရှိလို့ ဝေဖန်ခံခဲ့ရတဲ့ အက်စတာ ဟာလည်း ပါဝင်ခဲ့ပါတယ်…ဒီအမှားကလွဲလို့ အက်စတာဟာ အကောင်းဆုံး ယှဉ်ပြိုင်သီဆိုနိုင်ခဲ့တာပါ…ဒါကြောင့်လည်း နောက်ဆုံး ၃ ဦးအဆင့်ကို ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်….ဒါပေမဲ့ winner မဖြစ်ထိုက်ဘူးလို့ ဝေဖန်တဲ့ သူတွေလည်း ရှိခဲ့ပါတယ်…

ဒါကြောင့် တကယ်လို့များ Myanmar Idol Season 4 မှာ Winner များ ဖြစ်ခဲ့ရင် ဘာများ လုပ်ချင်သလဲဆိုတာကိုတော့ အက်စတာက ခုလို ဖွင့်ဟ ခဲ့တာပါ…ဒါကတော့ Winner ဖြစ်ခဲ့ရင် ၃ နှစ်ကျော် လေဖြန်းနေတဲ့ မိခင်ဖြစ်သူကို ဆေးကုပေးချင်တယ်လို့ အက်စတာက ဆိုခဲ့ပါတယ်…

ဒီစကားကြောင့် မိဘကျေးဇူးကို သိတတ်တဲ့အတွက် အောင်မြင်မှုတွေ ရပါစေလို့ အက်စတာကို ချစ်တဲ့ ပရိသတ်တွေက အားပေးနေခဲ့ကြပါတယ်…ပရိသတ်ကြီးတို့လည်း အက်စတာကို ချစ်တယ်ဆိုရင် နောက်ဆုံး Grand Final ပွဲကြီးမှာ အက်စတာ တစ်ယောက် အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Writer – HW (Shwe Yaung Lan)