၁ ၉ ရက်ကြာပျောက်ဆုံးနေသော ဆရာဝန်သားအဖနှစ်ဦးအသုံးပြုခဲ့သည်ဟု ယူဆရသောကားကို မော်လမြိုင်မြို့ အထ္တရံမြစ်တွင် တွေ့ရှိထားကြောင်း မော်လမြိုင်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဆ ရာဝန်သားအဖ နှစ်ဦးအသုံးပြုခဲ့သော မော်တော်ယာဉ်ကို နောက်ဆုံးမှတ်တမ်းတင်နိုင်ခဲ့သည့် စီစီတီဗီ လမ်းကြောင်းအတိုင်းရှာဖွေရာမှ မြစ်အတွင်းရှာဖွေရေးလုပ်ငန်းစဉ်ဆောင်ရွက်ခဲ့ရာ အထ္တံရစ်မြစ်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။မြစ်ထဲတွင် ရေငုပ်ကျွမ်းကျင်ပညာရှင်များဖြင့် နှစ်ရက်တိုင်ရှာဖွေရာမှ ဒီဇင်ဘာ ၂၄ ရက်တွင် ကားတစ်စီးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။“ကားတစ်စီးကိုတော့ တွေ့ထားပြီ။

ပျောက်ဆုံးသွားတဲ့သားအဖ နှစ်ဦးရဲ့ကားဟုတ်၊မဟုတ် အတည်ပြုဖို့ လိုဦးမယ်”ဟု မော်လမြိုင်မြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဝင်းက ပြောသည်။မြစ်အတွင်း မော်တော်ယာဉ်ရှာဖွေရေးလုပ်ငန်းစဉ်ကို ခရိုင်ရဲတပ်ဖွဲ့နှင့်အတူ ဆောင်ရွက်နေကြောင်း မော်လ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညီညီက ဆိုသည်။

စွယ်စုံ