အစွမ်း ထက်မြက်တဲ့ ထီပေါက်ဂါထာကို ထီပေါက်တဲ့ အဖွားပေးခဲ့တဲ့ မင်္ဂလာပါ သူဌေးမင်း ထီဆိုင်ကြီးမှ ကူးယူ ဖော်ပြအပ်ပါတယ်။ အစွမ်း ထက်မြက်တဲ့ ထီပေါက်ဂါထာ ရှေးကျမ်းရင်း တစ်စောင်မှာ ဖော်ပြထားပြီး အစွမ်း ထက်မြက်တဲ့ ထီပေါက်ဂါထာ ဖြစ်ပါတယ်။ …။

ဂါထာ ရဲ့ အဓိပ္ပါယ် အတိုချုပ်ကဗုဒ္ဓမြတ်စွာ ဘုရား ရှိစဉ်က ကောဏ္ဍဝေန မထေရ်ကြီး သည် ပထမ စာရေးတံမဲ ကို အမြဲတမ်း ပေါက်ခဲ့၏ ထို့အတူ ကျွန်ုပ်သည် လည်းဤသို့ ဖြစ်ရပါစေ သတည်း” ဟု ဆိုထားပါတယ်ရှေးဟောင်း ပေစာ တစ်ခုထဲ မှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူး အစွမ်း ထက်မြက် ကြောင်း ဖော်ပြထား တာကို တွေ့ရပါတယ် အခု ဂါထာ ကို မိတ်ဆွေတွေ အတွက် စေတနာ ရှေ့ထား လို့ ဖော်ပြပေးလိုက် ရပါတယ် …။

ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက် ချင်တယ် ဆိုရင် သင်ဟာ ကိုးကွယ်ရာ ဘာသာရဲ့သီလကို ဆောက်တည်ရပါ လိမ့်မယ်ဂါထာ မန္တန် တွေရဲ့ အစွမ်းဆိုတာ ရွတ်ဖတ် နိုင်မှု အစွမ်း၊ ကိုယ့်ရဲ့ ကိုယ်ကျင့် တရား စိတ်စွမ်းအား တို့ အပေါ်မှာ မူတည်ပြီး အစွမ်း ထက်မြက် မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ် ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ် ဆိုရင် လိုက်နာရမယ့် အချက် တွေတော့ ရှိပါ တယ် လွယ်လွယ်တော့ မရနိုင်ပါဘူး။ လိုက်နာရမယ့် ၃ ချက်က …

၁။ ဒီဂါထာကို တစ်နေ့ အနည်းဆုံး ၁၀၈ လုံးပုတီး တစ်ပတ် ရအောင် စိပ်ရပါလိမ့်မယ်။ နေ့စဉ် မပျက်မကွက် စိတ်ရမှာ ဖြစ်ပါတယ် ၂။ ပုတီးမစိပ်မှီမှာ မြတ်စွာဘုရားသခင် ရှေ့မှာ သီလကို ဦးဆုံး ဆောက်တည်ပါ ၃။ နောက်ဆုံး အချက်ကတော့ ဒီဂါထာ ကို နေ့စဉ် မှန်မှန် စိပ်သွားပြီး လစဉ် ထီထိုးပေးပါက ၆ လအတွင်း ထီပေါက်နိုင်ပါတယ် …။

အဖိုးထိုက်တန်သော ထီပေါက်ဂါထာ “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္ဍ ဓာနောဧတေန သစ္စ ဝဇ္ဆေ ဧဝံမေဟောတု” ရှားပါးပြီ အဖိုးမဖြတ် နိုင်တဲ့ ဗုဒ္ဓဘာသာ ဂါထာ တစ်ပုဒ်ပါ အာလုံးပဲ ထီပေါက်ကံ ကို ဆွတ်ခူး နိုင်ကြပါစေ သိန်းဆုတွေ ပေါက်ကြပါစေ ။ အမျိုးတစ်ယောက် ကတော့ ဒီဂါထာရွတ်ပြီး သိန်းဆု အမှန် တကယ် ပေါက်သွားတာကြောင့် ဒီဂါထာကို ဖော်ပြရခြင်း ဖြစ်ပါတယ် …။ ။

PanPyoeLat