မြန်မာ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ ထိုင်းအနုပညာရှင်တွေများစွာထဲမှာ မင်းသမီးလေး Mew Nittha ဟာလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ သူမဟာ အခုဆိုရင်တော့ သူမရဲ့ ချစ်သူ လုပ်ငန်းရှင်သူဌေးကြီးနဲ့ စေ့စပ်လိုက်ပြီဖြစ်ပြီး စေ့စပ်ပွဲကိုတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Park Hyatt Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့ စေ့စပ်ပွဲအခမ်းအနားကို နှစ်ဖက်သောမိဘဆွေမျိုးတွေနဲ့ ချစ်ခင်ကြတဲ့မိတ်ဆွေသူငယ်ချင်းတွေအပြင် နာမည်ကြီးထိုင်းအနုပညာရှင်တွေများစွာလည်း တက်ရောက်ပေးခဲ့ကြပြီး

တက်ရောက်ခဲ့ကြတဲ့သူတွေထဲမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ Margie Rasri, Matt Peranee, Toey Jarinporn, Mint Chalida နဲ့ Taew Natapohn တို့လည်း ပါဝင်ကြပါတယ်။

Mew ရဲ့ချစ်သူ ခင်ပွန်းလောင်းဟာ သူမနဲ့ အသက်ကွာဟသူဖြစ်ပြီး ချစ်သူ သက်တမ်း ၁ နှစ်အကြာမှာ သူမကို လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

Mew Nittha တစ်ယောက် သူမရဲ့ ချစ်သူ သန်းကြွယ်သူဌေးကြီးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းစတင်ထွက်ပေါ်ခဲ့ချိန်တုန်းက နိုင်ငံတကာကပရိသတ်တွေအနေနဲ့ အံ့သြ၀မ်းသာခဲ့ကြရပြီး လွယ်လင့်တကူလည်း မယုံကြည်နိုင်ဖြစ်ခဲ့ကြရပါတယ်။

သူမတို့ချစ်သူ ၂ ဦးဟာ စတင်ချစ်ကြိုက်ကြစဉ်အချိန်ကတည်းက ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ကြပေမယ့်လည်း အတူတကွတွဲဖက်ရိုက်ကူးထားတဲ့ပုံတွေကို မျှဝေခဲ့ဖူးခြင်းမရှိခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ မယုံကြည်နိုင်ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလက်ရှိအချိန်မှာတော့ သူမဟာ ကြိုတင်ကြေညာအသိပေးခဲ့တဲ့အတိုင်း စေ့စပ်ပွဲကို ကျင်းပပြုလုပ်ပြီးလို့နေပါပြီ။

လက်ထပ်ပွဲကိုတော့ လာမယ့် ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အိမ်ထောင်ကျပြီးတဲ့အချိန်ကျရင်လည်း အနုပညာအလုပ်တွေကို ပုံမှန်အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ချစ်ရတဲ့သူနဲ့ ရွှေလက်တွဲခွင့်ရသွားတဲ့ Mew ရေ…Congratulation ပါနော်။