အမှု အခင်းရှိလျှင် ပစ္စည်းပျောက်လျှင် နေထိုင်မကောင်းလျှင် စစ်တိုက်သွားလျှင် ရွတ်ရမည့် ဂါထာတော်
တရား၊ဓမ္မ၊ဂါထာတော်
ဥုံ- သိဒ္ဓိဘုရားထိပ်မှာထား နားမှာ ဗြဟ္မာ ၊
လက်မှာ သိကြား ၊ ခါးမှာ ဘီလူး ၊
ဒူးမှာ ခြင်္သေ့ ၊ ခြေမှာ နဂါး ၊
ကိုယ်မှာ ဂဠုန်၊ အစောင့်ထားပါ၏ ။
ဥုံ – ကောက္ကုသံ ၊ ဥုံ – ကောဏဂုံ ၊
ဥုံ- ကဿဖ ၊ ဥုံ – ဂေါတမ ၊ ဥုံ – အရိမေတ္တယျ ၊
ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏ ။
ဓာတ်တော်ဝင် ၊ မဟာဝင် ၊ ဧရာဝင် ၊ မဟာဝိနယော ၊ ဗောဓိရှစ်တန် ၊ဉာဏ်တော်( ၁၈ ) ပါး ၊
ဥုံ – ဘုရား ၊ ဥုံ – တရား ၊ ဥုံ – သံဃာတော်နှင့် ရွှေအဆင်းအလား
ဦးခေါင်းတော်က မြင်းမိုရ်တောင် ၊ မျက်လုံးတော်က ပုလဲရောင် ၊ သွားတော်က ဝရဇိန် ၊
လည်တော်က သံချောင်း ၊ မဏိဗောဓိ ရွှေညောင်ပင်က ပွင့်တော် မူပါ၍
လေးသင်္ချေ ကမ္ဘာတစ်သိန်း ၊ ရှစ်သင်္ချေ ကမ္ဘာတစ်သိန်း ၊ တစ်ဆယ့်ခြောက်သင်္ချေ ကမ္ဘာ တစ်သိန်း ၊
ပါရမီဖြည့်လာသော ဘဘုရား ၊ သားတော် ၊ သမီးတော် တို့ကို
ဆင်းရဲဒုက္ခ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ချမ်းသာသုခဘဝရောက်အောင် ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ၊
ချမ်းသာအောင် စောင့်ရှောက်တော်မူပါအရှင်ဘုရား။
(မှတ်ချက်)
သာမညဆရာတော် ဘုရားကြီး အထူးပေးသော ဂါထာတော်ကို…….
( ၁ ) အမှုအခင်းရှိက ( ၉ ) ခေါက် ရွတ်
( ၂ ) ပစ္စည်းပျောက်လျှင် ( ၃ ) ခေါက် ရွတ်
( ၃ ) နေထိုင်မကောင်းလျှင် ( ၇ ) ခေါက် ရွတ်
( ၄ ) ချမ်းသာချင်လျှင် ( ၁၂ ) ခေါက် ရွတ်
( ၅ ) စစ်တိုက်သွားလျှင် ( ၅ ) ခေါက်ရွတ်
ဘုရားအား အာရုံပြု၍ရွတ်ဖတ်သရဇ္ဇျယ် ပွားများပါ။)
ခရစ်ဒစ်
naethitmyanmar