မြန်မာ အိုင်ဒေါပြိုင်ပွဲရဲ့ပြိုင်ပွဲဝင်တွေကတော့ ကြိုးစားအားထုတ်မှုနဲ့အတူ ပရိသတ်အချစ်တော်လေးတွေဖြစ်လာခဲ့ကြပါပြီ။ပြိုင်ပွဲဝင်အချင်းချင်းကလည်း ပြိုင်ဘက်တွေလိုသဘောမထားကြဘဲတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတာကိုလည်းတွေ့ရမှာပါ။

အခု ဆိုရင်ပြိုင်ပွဲမှာ Top -3 သုံးယောက်သာကျန်ရှိနေတာဖြစ်ပြီး ကျန်တဲ့ Top Finalist တွေကတော့ ပြိုင်ပွဲကိုထွက်ခွာသွားခဲ့ရပါပြီ။ပြိုင်ပွဲကထွက်ခွာသွားရပေမဲ့ မွေးနေ့ကိုအမှတ်တရနဲ့ရှိနေပြီး မွေးနေ့ဆုတောင်းပေးကြတာကိုတွေ့ရမှာပါ။ဒီနေ့ကတော့ ပြိုင်ပွဲဝင်နှင်းအိအိဝင်းရဲ့မွေးနေ့လေးလည်းဖြစ်ပါတယ်။သူ့ရဲ့မွေးနေ့လေးကိုတော့ အေးမြဖြူကသတိတရနဲ့Happy Birthday လုပ်ပေးခဲ့ပြီး ဖေ့ဘွတ်မှာပုံလေးတင်ခဲ့ပါတယ်။

ဒီပုံထဲမှာတော့ ပြိုင်ပွဲအတူတူပြိုင်ခဲ့ဖူးတဲ့ ထက်အဉ္ဇလီ၊အက်စတာ၊နေစေးစေးထူး၊နှင်းအိအိဝင်းနဲ့အေးမြဖြူတို့လည်းပါဝင်ပါတယ်။ဒီပုံလေးထဲမှာ ခြူးစစ်ဟန်မပါတဲ့အကြောင်းကိုလည်း “မခြူးမပါ” လို့ရေးသားထားပါသေးတယ်။ပြိုင်ပွဲဝင်အချင်းချင်းညီအစ်မတွေလိုချစ်ခင်ကြတဲ့ သူတို့တွေကိုပရိသတ်တွေက သဘောကျနေကြတာလည်းဖြစ်ပါတယ်။မွေးနေ့မှစပြီး သာယာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေ..နှင်းအိအိဝင်းရေ….
Source : Aye Mya Phyu
Moe – Cele Gabar