

Unicode

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲမှာ Top 3 အဆင့်ထိ တက်ရောက်လာနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် အေးမြဖြူကတော့ ယနေ့၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ မနက်ပိုင်းမှာ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီးနောက် နေ့လယ်ပိုင်းမှာတော့ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းက မတ္တရာဘုန်းကြီးကျောင်းမှာ စတုဒိသာ အလှူ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ညနေပိုင်းမှာ အေးမြဖြူက ပရိသတ်များနဲ့အတူ ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေမှာ Fan Meeting ပွဲကို ပြုလုပ်မယ်လို့ သိရပါတယ်။ Fan Meeting ပွဲမှာ ပရိသတ်များနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံပြီး သီချင်းများ သီဆို ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။