ထို င်းပြန် ကိုဗစ် လူနာ အမှတ် (၂၄၂) နှင့် ထိေ တွ့ခဲ့သူများ ကို သတင်းပေးခြင်းဖြင့် ကူညီပေးကြပါ

ကို ဗစ်လူနာအမှတ် (၂၄၂) သည် မ​ကွေးတိုင်း​ဒေသကြီး၊ သရက်မြို့နယ်၊ ကွမ်းအုံ​ကျေးရွာ​နေ အသက် (၃၆) နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ၊ ကချနာပူရီမြို့၊ ကြက်သားရုံတွင် အလုပ်လုပ်ကိုင်ခဲ့ပါ​ကြောင်း၊ (၂၄.၅.၂၀၂၀) ရက်​နေ့တွင် မြဝတီမြို့၊ မြန်မာ-ထိုင်းချစ်ကြည်​ရေး တံတားအမှတ် (၂) မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်​ရောက်လာခဲ့ပါ​သည်။

အဆိုပါ​ (၂၄.၅.၂၀၂၀) နေ့တွင် မြဝတီ-မ​ကွေး ​အောင်​ကျော်မိုး ယာဉ်လိုင်း ယာဉ်အမှတ် 1L/4639 ခရီး သည်တင် Express ယာဉ်ဖြင့်(၂၄.၅.၂၀၂၀) ရက်​နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်တွင် ချစ်ကြည်​ရေးတံတားအမှတ် (၂) BCF Zine မှ သရက်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။

(၂၆.၅.၂၀၂၀) ရက်​နေ့မှစ၍ သရက်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုး​ရေသိပ္ပံအ​ဆောက်အဦးသစ် Facility Quarantine Centre တွင် အသွားအလာကန့်သတ်​စောင့်ကြည့်မှုခံယူလျက်ရှိ​ကြောင်း နှင့် ဇွန်လ ၇ ရက် ညဦးပိုင်းတွင် မ​ကွေး​ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်လွှဲ​ပြောင်း၍ ​ဆေးကုသမှုခံယူလျက်ရှိ​ကြောင်း သတင်းရရှိပါသည်။

အဆိုပါ လူနာအမှတ် (၂၄၂) နှင့် ထိ​တွေ့ဆက်ဆံခဲ့သည့် Closed Contact များကို စိစစ်၍ Covid-19 ရှိ/မရှိ စစ်​ဆေးနိုင်​ရေးအတွက် စီစဉ်​ဆောင်ရွက်လျက်ရှိ​ကြောင်း နှင့် သတင်း​ပေးခြင်းဖြင့် ပူး​ပေါင်းပါဝင်ကူညီနိုင်ကြပါရန် အသိ​ပေး​ကြေငြာအပ်ပါသည်။ (Tay Zar Aung)