စည်ပင် ဘတ် ဂျက်၊ ၁၂၃ လ မ်း နောက်ဖေး လမ်းကြားနှင့် သံစုံ တီးဝိုင်းကြီး

အလွန် တရာမှ ညစ်ပတ်သော ကျွန်မတို့ ၁၂၃လမ်းနဲ့ ၁၂၂ လမ်း ( အပေါ်လမ်း ) လမ်းကြားပါ။ ကျွန်မတို့အိမ်ကတော့ မီးဖိုချောင်ပြူတင်းတွေမှာ ခြင်လုံဇကာ တပ်ထာတဲ့အတွက် အမှိုက်ပစ်မရပါဘူး။

အပေါ်ထပ်က အိပ်ခန်းပြူတင်းပေါက်ကို မနက်ဆို လေဝင်လေထွက် ကောင်းအောင်ဖွင့်တဲ့အခါ မြင်ကွင်း က ဒီလိုပါ။ ဒီလ ရန်ကုန်တိုင်းလွှတ်တော်မှာ ဦးကျော်ဇေယျရဲ့ ဆွေးနွေးချက်ကို နားထောင်ပြီးတဲ့ အခါ စည်ပင်သာယာရဲ့ သန်းချီတဲ့ အသုံးစရိတ်က ကျွန်မတို့ လမ်းကြားလေး သန့်ရှင်းရေးလုပ်ဖို့ မပါ ပါလား လို့ တွေးမိတာပေါ့။

သံစုံတီးဝိုင်းကြီးရဲ့ ၀.၁% လောက် သုံးရင်တောင် မကုန်ပါဘူး။ ကျွန်မတို့အိမ်က အမှိုက်ရှင်းဖို့ လူခေါ်၊ ကားငှားနဲ့ ငွေ ၅ သိန်း သာကုန် သွားတယ်၊ အမှိုက်က ထုတ်မလောက်ပါ။ ညဆို နောက်တိုက်တွေက အမှိုက်ထုပ်ကြီးတွေ ပစ်ချတာ ဒုန်းခနဲ ဒိုင်းခနဲနေတာပါပဲ။

အရင်တုန်းက အိမ်မှာနေတဲ့ အိမ်အကူအမကြီးကတော့ အမှိုက်သံကြားရင် အော်တော့တာပါပဲ။ ဒါလည်း ပစ်တာပါပဲ။ အမှိုက်ခွန် လည်း မှန်မှန် ပေးခဲ့တာပါပဲ။ တချိန်တုန်းက ကစားလို့ ရတဲ့ လမ်းကြားပါ။ ဘာလုပ်ရမလဲလို့ စဉ်းစားရင် ဘာမှ လုပ်ပိုင်ခွင့်မရှိလို့ လုပ်မရပါ။ လုပ်လို့ရတဲ့ လူများရှိရင် ပြောပေးပါ အမောင်။

Neela Bharadwaja