မြန်မာ့ ရုပ် ရှင်လောကမှာ နာမည်တစ်လုံးရခဲ့ပြီး တောကားရော မြို့ကားပါ မကျန်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင် ချစ်ဖွယ် တစ်ယောက်ကတော့ ယနေ့တိုင် ပရိသတ်တွေက ချစ်ခင်နေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာဆိုရင် မပြေလည်တဲ့ အိမ်ထောင်ရေးကြောင့် ချစ်စဖွယ်သမီးလေး နွေးနွေးချစ်ဖွယ်နဲ့လည်း မပြေလည်မှုတွေရှိခဲ့ရပါတယ်။ အခုဆိုရင်တော့ သမီးလေး နွေးနွေးက အရွယ်တစ်ခုကို ရောက်လာပြီးတော့ သိတတ်နားလည်တဲ့အချိန်မှာတော့ သရုပ်ဆောင် ချစ်ဖွယ်အပေါ် စိတ်ဆိုးတာ
မျိုး နာကျည်းတာမျိုးမရှိတော့ဘူးလို့ ပြောပြလာပါတယ်။

နွေးနွေး ချစ်ဖွ ယ်ကတော့ သူမတို့ မိသားစု ပြိုကွဲရတာ အဖေ့ကြောင့် ၊ အဖေ့ရဲ့နောက်အိမ်ထောင်ကြောင့်လို့ အချိန်ကြာမြင့်စွာ စိတ်ခုနာကျည်းခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အခုတော့ သူမအမြင်တွေပြောင်းလဲခဲ့ပြီးတော့ ဖေ့ဖေကို မမုန်းတော့ပါ
ဘူးလို့ ဆိုပါတယ်။ ဒီလို အမြင်တွေပြောင်းသွားရတာကလည်း ဘုရားတရားတွေ လုပ်တာကြောင့်လို့ သူမက ထပ်ဆင့်ပြောပြပါတယ်။

အခု လို ဘဝ ရဲ့ မပြေလည်မှုတွေကို သူမ အနေနဲ့ မပြောချင်ခဲ့ဘူး။ အခုတော့ ပြောလိုက်ပါပြီလို့ ဆိုပါတယ်။အခုလို ပြောရတာကလည်း မိဘအပေါ်မှာ သူလို မှားယွင်းတဲ့ စိတ်တွေ မထားမိကြစေဖို့နဲ့ မိဘဟာ မိဘပါပဲလို့ ဆိုပါတယ်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)
Video- Cele Yatkwat