ဖေ့ဘုတ် ပေါ်က တွေ့တဲ့ချစ်သူ ပတ်သတ် ခဲ့သူများ နဲ့လိုင်းပေါ် ပြန်ချစ်ကြည်နူးနေ လို့ ကပ်ကြေးနဲ့ထိုးသတ်မှု ဖြစ်ပွား

လှည်းကူးမြို့ အောင်မဂ်လာရပ်ကွက်အပိုင် သီတာအေး၂ လမ်း လူသတ်မှု

လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် သီတာအေး (၂)လမ်း နေအိမ် တစ်ခုအတွင်း အမျိုးသမီးအလောင်း
တစ်လောင်းအား ဒဏ်ရာများဖြင့် 3.6.2020 ရက်နေ့တွင် တွေ့ရှိရသဖြင့် လှည်းကူးမြို့မရဲစခန်း (ပ)အမှတ် 1164/ 2020 အမှုကြီးပုဒ်မ 302 ဖြင့် အမှုဖွင့် စုံစမ်းခဲ့

ပြစ်မှုကျူးလွန်သည်ဟုယူဆရသည့် မသင်္ကာတရားခံအား
မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့
မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ လှည်းကူးမြို့မရဲစခန်းမှုးဦးစီးအဖွဲ့

တို့မှပေါင်းစပ်ညှိနိုင်းဖော်ထုတ်ခဲ့ရာ တရားခံဟုယူဆရသော ပိုင်လင်းထွန်း(ခ)ပိုင်ပိုင်(20)နှစ်(ဘ)ဦးတင်ထွန်း ကျုံကဒွန်း
ကျေးရွာ ဖျာပုံမြို့နယ် နေသူအား လှိုင်သာယာအရှေ့ပိုင်းမြို့
နယ် အဆောင်တစ်ခုမှ ဖမ်းဆီးရမိခဲ့။

( ကနဦး ဖေါ်ထုတ်သိရှိရချက်)

■ ၎င်းအား fb ပေါ်မှ သိကျွမ်းခင်မင်ရင်းနှီးခဲ့ပြီး ချစ်သူများ
ဖြစ်သွားခဲ့ကြောင်း၊ မဖြစ်မီ ၂ ပတ်အလိုက ချစ်သူဖြစ်ခဲ့ကြောင်း၊
အခင်းဖြစ်နေ့က နေအိမ်သို့ အလည်ရောက်ရှိခဲ့ပြီး အတူရှိ

နေစဉ် သေဆုံးသူအမျိုးသမီးမှာ fb လိုင်းသုံးနေပြီး ယခင်
သူ နှင့် ပါတ်သက်ခဲ့သူများနှင့် ချစ်ကြည်နူးနေသဖြင့် ၎င်းက

မဆက်သွယ်ရန်ပြောသော်လည်း မရသဖြင့် ရန်ဖြစ်စကားများကြရာမှ ဒေါသဖြစ်ခါ စက်ခုံပေါ်တွင် အသင့်ရှိနေသော ကပ်ကြေးဖြင့် ထိုးသတ်ခဲ့ပြီးနေအိမ်မှ နံက်ငါးနာရီခန့်တွင် ထွက်သွားခဲ့ကြောင်း ကနဦး ဖေါ်ထုတ်သိရှိရ။
၎င်းအားလူသတ်မှုဖြင့် ဆက်လက်အရေးယူထားကြောင်း သိရပါသည်။

သတင်း-လှည်းကူးငါးပိချက်

လှည်းကူးမြို့နယ်တွင် နေအိမ်အတွင်း ထိုးသွင်းဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးတစ်ဦးအလောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် နေအိမ်အတွင်း ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦး ပုပ်ပွသေဆုံးနေသည့်အလောင်းကို ဇွန်လ ၃ရက် ညနေပိုင်းက စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံက သိရပါတယ်။

လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ သီတာအေး ၂လမ်းနေသူ မသင်းသင်းလွင် ၃၁နှစ်(ဘ)ဦးတင်ဦးသည် ၎င်းနေအိမ် အိမ်ခန်းအတွင်း ယာဘက်ရင်ညွှန့်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်နဲ့ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် ပက်လက်အနေအထား ပုပ်ပွ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူသည် လွန်ခဲ့သည့် ၂ရက်ခန့်က သေဆုံးခဲ့
တာဖြစ်နိုင်ကြောင်းနှင့် သေဆုံးမှု့ဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု့တွေ ပြုလုပ်လျှက်ရှိပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှု့ဖွင့် ဆောင်ရွက်ထားတယ်လို့သိရပါတယ်။