ဂဠဳန္ဦးေ စာ ေနရာကေ န သရုပ်ဆောင်ချင်တယ်ဆို တဲ့ ဆုပန်ထွာရဲ့ခင် ပွန်း ကိုဥက္ကာကျော်

နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထုပ္ပတိရုပ်ရှင်ဇာတ်ကားကြီးက ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်ကပဲ ဒါရိုက်တာ လူမင်း ဦးဆောင်ပြီး ရိုက်ကူးနေလျက်ရှိပါတယ်။ တစ်နိုင်ငံလုံးက စိတ်ဝင်စားနေကြတဲ့ ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်တွေကိုလည်း အဆင့်ဆင့်ရွေးချယ်ခဲ့ကြသလို အသေးစိတ်အစ ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် “အောင်ဆန်းရုပ်ရှင်”ရဲ့ အဓိကအရေးပါတဲ့ဇာတ်ကောင်ဖြစ်တဲ့ ဂဠုန်ဦးစောနေရာမှာ ပါဝင်သရုပ်ဆောင်မယ့် ဦးစောရဲ့မြေးဖြစ်သူ ကိုဇော်ဇော်က ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကြောင့် မပါဝင်ဖြစ်တော့ကြောင်း အသိပေးလာပါတယ်။

အဲ့ဒါကြောင့် လစ်လပ်သွားတဲ့ ဂဠုန်ဦးစော ဇာတ်ကောင်မှာ နိုင်ငံကျော်သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော်က ပါဝင်ချင်တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “အုပ်ထိန်းသူတွေ ခွင့်ပြုမယ်ဆိုရင် နိုင်ငံတော်အတွက် မေတ္တာဖြင့် အခကြေးငွေမယူပဲ ကူညီရိုက်ကူးပေးချင်ပါတယ်။ အရိုးသားဆုံးပြောရရင် အကယ်ဒမီတော့ ဇာတ်ပို့နေရာကမှန်းပါတယ်။ အရွေးချယ်လည်း ခံခဲ့ရရင်ပေါ့ဗျာ။ အတည်ရေးတဲ့ Post ပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့ရဲ့ အသက်က ၄၆။ ဦးစော အဲ့အချိန် ၄၆နှစ်ချင်းလည်း တိုက်ဆိုင်တယ်လို့ကြားသိရပါတယ်” ဆိုပြီး ပြောထားပါတယ်။

“အောင်ဆန်းရုပ်ရှင်”ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ လူမင်းကတော့ ကိုဥက္ကာကျော်အနေနဲ့ အမှန်တကယ်စိတ်ဝင်စားရင် ဝမ်းမြောက်စွာနဲ့ ကြိုဆိုနေကြောင်းကို ပြောထားပါတယ်။ ပရိသတ်ကြီးရော ဆုပန်ထွာရဲ့ခင်ပွန်း ကိုဥက္ကာကျော်က ဂဠုန်ဦးစော ကာရိုက်တာနဲ့ ကိုက်ညီမှုရှိမယ်ထင်လား ပြောခဲ့ကြပါဦး။