မြန်မာနိုင်ငံ က အိန္ဒိယပြန် တော်ေ တာ် များများ မှာ ကိုရိုနာ ရော ဂါ ကူးစက်ခံ ရတဲ့ နောက်ကွယ်က အကြောင်းအရင်း

“မြန် မာနိုင်ငံက အိန္ဒိယပြန် တော်တော် များများမှာ ကိုရိုနာ ရောဂါ ကူးစက်ခံရတဲ့ နောက်ကွယ်က အကြောင်းအရင်းခု နောက်ပိုင်း မြန်မာနိုင်ငံ မှာ အိန္ဒိယပြန် တော်တော်များများမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ရှိရပါတယ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ 25-5-2020 မှ ဒီနေ့ 6.6.2020 အထိ အိန္ဒိယပြန် ကိုဗစ်လူနာ 25 ယောက် ရှိနေပါပြီ…အိန္ဒိယပြန်တွေမှာ ရောဂါကူးစက်မှု ဘာကြောင့် ဒီလောက်များနေတာလဲ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရမှု အများဆုံး နိုင်ငံတွေစာရင်း မှာ အိန္ဒိယနိုင်ငံက အဆင့် ၆ နေရာ ရပ်တည်နေပြီး သေဆုံးသူ 6845 ယောက် ရှိနေပါတယ်။

အိန္ဒိယနိုင်ငံမှာ COVID-19 လူနာ‌တွေ ကုသမှု ခံယူဖို့ အခက်အခဲရှိနေပြီး တချို့ဆေးရုံတွေမှာဆိုရင် ရောဂါစမ်းသပ်ရေးကိရိယာ(Test kit)တောင် မရှိတော့ပါဘူး။ အိန္ဒိယအစိုးရအနေနဲ့ Lockdown လုပ်ထားတဲ့ကာလမှာ ကျန်းမာရေး အဆောက်အအုံတွေ ပိုများလာအောင် ဆောင်ရွက်ရမှာဖြစ်ပေမဲ့ လက်ရှိအနေအထားအရ ပိတ်ဆို့မှုက အလုပ်မဖြစ်ခဲ့ဘူးလို့ ဝေဖန်သူတွေက ဆိုပါတယ်။အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်မှုအများဆုံး နိုင်ငံတွေစာရင်းမှာ အဆင့်(၆) ဖြစ်နေပေမဲ့ သေဆုံးမှု အများဆုံး နိုင်ငံတွေစာရင်းမှာတော့ အဆင့်(၁၂)မှာ ရှိနေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ တုန်းက အိန္ဒိယနိုင်ငံ မှာ COVID-19 လူနာ နည်းပါးခဲ့တဲ့အချက်က ကျွမ်းကျင် ပညာရှင်တွေကို နားလည်ရခက်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြင့်တက်နေပေမဲ့ လာမယ့်တနင်္လာနေ့ကစပြီး ဈေးဝယ် စင်တာတွေ၊ ဝတ်ပြုဆုတောင်းရာနေရာတွေ၊ စားသောက်ဆိုင်တွေ နဲ့ ရုံးတွေကို ပြန်ဖွင့်ခွင့်ပြု ထားပါတယ်။

crd : panpyoelat