ဘင်္ဂလားဒေ့ ရှ်အနီရောင်ဇု န်မှ တရားမ ဝင် ပြန်လာ သူများ မြန်မာဖက်သို့ နေ့စဉ်ဝင်ရောက်နေ

ဘူး သီးတောင်နဲ့မောင်တောမြို့နယ်မှာ ဇွန် ၄ ရက်နဲ့ ၅ ရက် (၂) ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင်ပြန်ဝင်လာသူ (၁၂) ဦးရှိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ပြောပါတယ်။

လွန်ခဲ့တဲ့ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မောင်တောမြို့ကို တရားမဝင် ပြန်ဝင်လာသူ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တဲ့ နောက်မှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေဆက်ရှိနေတဲ့အပေါ် ဒေသခံတွေဘက်က စိုးရိမ်ပူပန်တာတွေလည်းရှိလာပါတယ်။

တရားမဝင် ပြန်ဝင်လာသူ (၁၂) ဦးမှာ အစ္စလာမ် ဘာသာဝင် (၁၁) ဦးနဲ့ ဟိန္ဒူဘာသာဝင်က တစ်ဦးဖြစ်ပြီး ဘူးသီးတောင်မြို့နယ်ကို ဝင်လာသူက (၈) ဦးဖြစ်ပါတယ်။ ဝင်လာသူ (၈) ယောက်ကို ဘူးသီးတောင်မြို့ပေါ်က အာရာဗီ စာသင်ကျောင်းတကျောင်းမှာ Q ဝင်ခိုင်းထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ တရားဝင် ပြန်လည်လက်ခံရေးကို မြန်မာဘက်က ဧပြီလကတည်းက ရပ်ဆိုင်းထားခဲ့ပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် တရားမဝင် ပြန်လာသူတွေကတော့ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန် ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ဖြစ်ပွားမှုပေါင်း ၆သောင်းကျော် ရှိနေပြီး သေဆုံးသူ ၈ ရာကျော် ရှိနေပြီ ဖြစ်ပါတယ်။ လတ်တလောမှာ လှဖိုးခေါင်ကြားစခန်းကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေကို ကွာရန်တင်းစခန်းအဖြစ် သတ်မှတ် ဆောင်ရွက်နေပြီး လူဦးရေ ၁၀၀ခန့် စောင့်ကြည့်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဘူးသီးတောင်မြို့နယ်ကိုပါ ပြန်ဝင်လာသူတွေ ရှိတဲ့အတွက် ဘူးသီးတောင်မြို့နုယ်မှာလည်း သီးသန့်ထားရှိပြီး စောင့်ကြည့်တဲ့နေရာတွေ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်- ၁၉ ပိုးတွေ့ရှိထားသူ ၃ ဦးရှိပြီး သံတွဲမြို့နယ်မှာ ၁ ဦး၊ တောင်ကုတ်မြို့နယ်မှာ ၁ ဦးနဲ့ မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူတစ်ဦး တို့မှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။