စည်း ကမ်း မဖောက်ရ ရင် နေ လို့ မရတဲ့ မြန်မာလူမျိုးများ (မန္တလေး ဦးပိန်တံတားမှာတဲ့)

ကဲ လာပြန်ပြီဗျာ။ စည်း ကမ်း မဖောက်ရရင် မနေနိုင်တဲ့ မြန်မာလူမျိုးတွေ၊ အစိုးရက ကိုဗစ်ကပ်ရောဂါ ကာလမှာ ရောဂါပိုး ကူးစက်ပျံ့နှံ့မှာ စိုးရိမ်လို့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ခေတ္တခဏ ပိတ်ထားပါတယ်။ ရွှေတိဂုံ စေတီ၊ မဟာမြတ်မုနိဘုရား၊ ကျိုက်ထီးရိုး စေတီစတဲ့ နာမည်ကြီး ဘုရားတွေလည်း အားလုံးကို ပိတ်ထားဆဲပါပဲ။ တခြား ပန်းခြံ၊ ရုပ်ရှင်ရုံနဲ့ အထင်ကရ နေရာတွေလည်း ပိတ်ထားဆဲပါပဲ။

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ လူတွေ များများစုလေ ပိုပြီး ပြန့်လေပါပဲ။ အဲဒါကြောင့်လည်း လူတွေကို တတ်နိုင်သမျှ ၆ ပေ အကွာမှာ ခပ်ခွာခွာနေဖို့ တိုက်တွန်းနေရတာပါ။ ဒါပေမယ့် မြန်မာတွေရဲ့ စည်းကမ်း မဖောက်ရရင် မနေနိုင်တဲ့ ထုံးစံအတိုင်း နိုင်ငံအနှံ့မှာ စည်းကမ်း ချိုးဖောက်တဲ့ ကိစ္စ ရပ်တွေ တွေ့နေရပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်များကလည်း အရေးယူမှုတွေ ပြုလုပ်နေပေမယ့် အဓိကကတော့ ပြည်သူတွေ ကိုယ်တိုင်က ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ အခုလို ဓာတ်ပုံနဲ့ တကွ တင်ပြရတာလည်း စည်းကမ်းဖောက်သူကိုယ်တိုင် သိပြီး စည်းကမ်း လိုက်နာဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ပြစ်တင်ရှုံချလို့တဲ့ ဆန္ဒ မရှိပါဘူး။ မူလအကြောင်းအရာကို ဖော်ပြပေးလိုက်ပါတယ်-

“ကိုဗစ် ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့စည်းများမှ ဦးပိန်တံတားကြီးအား ခေတ္တယာယီပိတ်ထားသော်လည်း တံတားပေါ်သို့ ယခုလိုကျော်လွှားတက်နေသည်ကို တွေ့မြင်နေရ၍ သက်ဆိုင်ရာလူကြီးမင်းများအား အပြုသဘောမျိုးဖြင့်တင်ပြလိုက်ရပါသည်။” (ထာဝရ မြန်မာ)