ဘဝဆက် တိုင်းဆက်တိုင်း မှာ ညီမလေး လိုချင်နေ တဲ့ သာယာတဲ့ မိသားစုကိုပိုင်ဆိုင်ရပါစေ

May.30.2020စနေနေ့ ညနေပိုင်း5နာရီလောက် ကားတိုက်လို့ဆုံးသွားတာပါ) 19.10.2018သောကြာနေ့မှာ ကျွန်တော်တို့နှစ်ယောက်ချစ်သူဖြစ်ခဲ့ကြတယ် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ချစ်သူသက်တမ်း1နှစ်8လပြည့်လာခဲ့တယ်

သူကတော့မျှော်လင့်ချက်ကြီတဲ့မိန်းခလေးတစ်ယောက်ပါ”နောက်၃နှစ်လောက်ဆို တို့နှစ်ယောက်မင်္ဂလာဆောင်ပီး ပိုက်ဆံစုကြမယ် အိမ်လေးလှလှဆောက်ပီးသာယာတဲ့မိသားစုကိုပိုင်ဆိုင်ချင်တယ်”သူကကျွန်တော်ထက်13ရက်ကြီးပေမဲ့ သူ့ကို”အမ”လို့ခေါ်တာမကြိုက်ဘူး ”ညီမလေး”ပဲခေါ်ခိုင်းတယ်

2020 2လပိုင်းမှာကျွန်တော်ဦးဇင်းဝတ်ဖို့ မြန်မာပြည်ကို ပြန်လာခဲ့တယ် သူကပြန်ချင်ပေမဲ့ အိမ်မပိုင်တဲ့သူတစ်ယောက်မို့ ပြန်ခွင့်မရှိခဲ့ဘူး သူကတော့ချက်ပြုတ်တဲ့အပိုင်းမှာ တကယ်တော်ပါတယ် ဖုန်းပြောတဲ့အချိန်တိုင်း”အကိုဒီနေ့ညီမစားစရာတွေလုပ်ထားတယ် အရမ်းစားလို့ကောင်းတယ် ထိုင်းကိုပြန်တက်လာပါတော့ အကို့ကိုချက်ကျွေးချင်တယ်”လို့

ခေါ်တယ် မကြာခင်မှာပဲ ကျွန်တော်ထိုင်းကိုပြန်တက်သွားတယ် ဒါပေမဲ့ နယ်စပ်ကိုရောက်တော့ COVID19ရောဂါအခြေနေကြောင်း ထိုင်းဘက်ကိုကူးလို့မရဘူး ရွာကိုချက်ခြင်းပြန်လာခဲ့ရတယ် သူအလုပ်ဝင်ရင်ပင်ပန်းလို့ အိပ်ဖို့ပဲစဉ်းစားတယ် ရေချိုးဖို့ညတိုင်းနှိုးပေးရတယ်

ပြီးခဲ့ရက်ပိုင်းမှာ သူစိတ်ဆိုးလို့ ကျွန်တော်ကို5ရက်လောက် blockလိုက်တယ် 27ရက်နေ့မှာunblockပြန်ဖွင့်လိုက်တယ် ”အကို့ကိုblock ထားပေမဲ့ အချိန်တိုင်းလွမ်းပါတယ် အကိုနဲ့စကားမပြောရရင် ဘယ်လိုဖြစ်နေမှန်းမသိဘူး”တဲ့

28.29ရက်နေ့မှာ တစ်ယောက်နဲ့တစ်ယောက်စ,နောက်ပြီး စကားကောင်းးပြောခဲ့ကြတယ် 2020.May.30ရက်နေ့ညနေပိုင်း5နာရီလောက်မှာ သူ့သူငယ်ချင်းတစ်ယောက်ကပြောပြလာတယ်သတင်းကိုကြားလိုက်တော့ကျွန်တော်အရမ်းချစ်ရတဲ့ကောင်မလေးတစ်ယောက်ကျွန်တော်ဘဝကနေတစ်သက်လုံးထွက်သွားလိုက်ပြီးပဲ ကျွန်တော်စိတ်ထဲမှာ ပြောပြမတတ် သေလောက်အောင်ခံစားရတယ်

ဘဝဆက်တိုင်းဆက်တိုင်းမှာညီမလေးလိုချင်နေတဲ့ သာယာတဲ့မိသားစုကိုပိုင်ဆိုင်ရပါစေလို့ အကိုဆုတောင်းပေးပါတယ်..စိတ်မကောင်းစရာပါဗျာ..😥😥