ယနေ့ ပဲ မင်္ဂလာလက်မှတ် ထိုး ခဲ့ တဲ့ အိမ့်ချစ် ကို ကလေးယူ ဖို့  တိုက်တွန်းခဲ့တဲ့ မိုးမိုး

ဒီကနေ့ ဇွန်လ (၆) ရက်နေ့မှာတော့ အဆိုတော်မလေး အိမ့်ချစ်က သူမရဲ့ ချစ်သူလေးနဲ့ နှစ်ဖက်သောမိဘတွေရှေ့မှာ တရားဝင်မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က ချစ်စရာကောင်းပြီး စိတ်စေတနာကောင်းလွန်းတာကြောင့် ပရိသတ်တွေက ချစ်ကြသလို အနုပညာအသိုင်းအဝိုင်းကလည်း

ကိုယ့်ညီမလေးတစ်ယောက်လို၊ အစ်မတစ်ယောက်လို ချစ်ကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အိမ့်ချစ်ရဲ့ စီနီယာအစ်ကိုဖြစ်တဲ့ အဆိုတော်မိုးမိုးကနေပြီး အိမ့်ချစ်အတွက် အခုလိုပဲ ဝမ်းသာဂုဏ်ပြုစကားလေး ပြောထားပါတယ်။ “Congratulations ပါ ညီလေးနဲ့ ညီမလေးရေ

ဘော်ဒါကြီးနေဝင်းတုန်းကလို အကြံကောင်းကြီး ပေးပါရစေ 😁😁😋 ဒီလို ပွဲပါးတဲ့ ကိုဗစ်ကာလကြီးဟာ ကလေးယူဖို့ အခွင့်ရေးကောင်းပဲ။ ညီလေး ညီမလေးတို့ရေ.. ကြိုးစားကွာ။ အောင်မြင်ပါစေ 🥰🥰🥰😁 Welcome to ကလေးဖေ/မေ များအသင်း 😍😍😍”ဆိုပြီး အိမ့်ချစ်အတွက် ဝမ်းသာဂုဏ်ပြုစကားလေးပြောရင်း

အကြံကောင်းပေးထားတာပဲ ဖြစ်ပါတယ်။ မိုးမိုးကတော့ သူ့ရဲ့ ညီမလေးတစ်ယောက်လိုဖြစ်နေတဲ့ အိမ့်ချစ်အတွက် ဝမ်းသာမဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်တို့ ဇနီးမောင်နှံလည်း မိုးမိုးဆုတောင်းပေးသလို အမြန်ဆုံး သားသမီးရတနာတွေ ထွန်းကားပါစေနော်။