တရုတ် ကုမ္ပဏီတွေ ကို အေ မရိကန် စတော့အိတ်ချိန်းကနေ ဖယ် ထုတ်လိုက်လျှင် အမေရိကန်တွေ အထိနာမည်ဟု တရုတ်​ခြိမ်းခြောက်လိုက်

အေ မရိကန်စတော့ အိတ်ချိန်း အတွင်းကနေပြီး တရုတ် ကုမ္ပဏီတွေ ကို ဖယ်ထုတ်ဖို့ကြိုးစားနေတာ ဟာ အမေရိကန်ရဲ့ အတိုးနှုန်း သတ်မှတ်ချက်ကို ပြင်းပြင်းထန်ထန် ထိခိုက် စေနိုင် တယ်လို့ တရုတ်ဘက် သတိပေးသွား ခဲ့ ပါ တယ် ။

နောက်ထပ် ဆက်လက်ပြီး အမေရိကန်ဟာ စတော့ဈေးကွက် အတွင်းမှာရှိတဲ့ တရုတ်အခြေစိုက်ကုမ္ပဏီတွေ ရဲ့ ငွေကြေးစာရင်း ရှင်းတမ်းတွေ ကို တရားမဝင်နည်း နဲ့ ခြေရာခံဖို့ကြိုးစားနေတယ် လို့လဲ တရုတ်နိုင် ငံ၏ ပြောရေးဆိုခွင့်ရှိသူ Geng Shuang ကပြောသွား ပါတယ်။

အစောပိုင်းတုံး က အမေရိကန်နိုင်ငံတော် လုံခြုံရေးအတွင်း​ရေးမှူးချုပ် Mike Pompeo ကနေပြီး တရုတ်ကုမ္ပဏီတွေ ဟာ ဈေးကွက် အတွင်း မှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ရင်းနှီးမြှုတ်နှံသူတွေ ကို သတိပေးခဲ့ ပါတယ်။ ဒီအချက်ကို Geng Shung က ပြန်လည်ချေပ ခဲ့တာလဲ ဖြစ် ပါတယ် ။