သ မီးဖြစ်သူအတွက် ဘဝသင်ခ န်းစာရစေမယ့် စာတစ်ပုဒ်ကိုရေးသားခဲ့တဲ့ မေမြင့်မိုရ် ဖခင်

ဖ ခင်တွေဟာ သားသမီးတွေကို မိခင်တွေလောက် နွေးထွေးချင်မှနွေးထွေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဖခင်ဆိုတာ မိသားစုတစ်ခုအတွက် အကာအရံတံတိုင်းကြီးတစ်ခုပါပဲ။ မေမြင့်မိုရ် ရဲ့ဖခင်ဖြစ်သူဟာ သမီးလေးအတွက် စိတ်ခွန်အားဖြစ်စေမယ့်စာတစ်ပုဒ်ကို ” အဝေးပြေး လမ်းမကြီးတစ်ခုပေါ်တွင် မိန်းမပျိုတစ်ယောက် ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်နေသည်။ သူမဘေးထိုင်ခုံမှာတော့ သူမ၏အဖေထိုင် နေ၏။ သူမသည်ကားမောင်းလာခဲ့ရာ ခရီးအတော် ရောက်လာတော့ သူမတို့သားအဖနှစ်ယောက် မုန်တိုင်းတစ်ခုထဲ ရောက်မှန်းမသိ ဝင်ရောက်လာမိကြတယ်။ မိန်းကလေးက သူမအဖေကိုမေးလိုက်တယ်။ ” အခု ဘာလုပ်သင့်သလဲဖေဖေ ” ” ကားကိုထိန်းမောင်း သမီး ” ဒီလိုနဲ့ သူမက ကားကိုထိန်းမောင်းရင်း မီတာအတော်ရောက်လာ တော့ တခြားကားတွေ လမ်းဘေးမှာရပ်နားဖို့ပြင်ဆင်နေတာကိုတွေ့ရ တယ် မုန်တိုင်းက အတော်လေးဆိုးလာတာကိုး၊ မိန်ကလေးလည်း အနည်းငယ်ကြောက်စိတ်ဝင်လာပြီး သူမအဖေကို ထပ်မေးတယ်။ ” ဖေဖေ သမီးတို့လည်းပဲ လမ်းဘေးမှာရပ်နားရင် ကောင်းမယ်နဲ့ တူတယ်နော် ” ” မရပ်နဲ့သမီး ကားကိုထိန်းမောင်းပါကွယ် ” မိန်းကလေး လည်း ကားကိုထိန်းသိမ်း မောင်းနှင်လာရာ မိုင်အတော်များများခရီးရောက်ခဲ့၏။ မုန်တိုင်းလည်း အတော်လေး ပြင်းပြင်း ထန်ထန် တိုက်နေ၏။

ကားအတော်များများလမ်းဘေးမှာ ရပ်နားနေတာကို သူမကြည့်ရင်း ကားအရှိန်လျော့လိုက်ပြီး ” ဖေဖေ အခုချိန်ဟာ ကားကိုလမ်းဘေး မှာရပ်နားဖို့သင့်ပြီလို့ထင်တယ် မုန်တိုင်းကပိုဆိုးလာပြီး ရှေ့မြင်ကွင်းကလည်းဖုန်တွေနဲ့ လမ်းကိုသဲသဲကွဲကွဲမမြင်ရတော့ဘူး ” ဟု သူမ၏အဖေကို ထပ်ပြောလိုက်သည်။ ” မရပ်နဲ့သမီး ကားကိုထိန်းမောင်းပါကွယ် ” သူမသည်သူမ၏အဖေပြောသလို ကားကို ဆက်လက်ထိန်းမောင်းခဲ့တယ်။ မုန်တိုင်းကလည်း ပို၍ပို၍ ဆိုးလာသလို သူမ ရှေ့မြင်ကွင်းကိုကြည့်ပြီး ကားကိုထိန်းမောင်းရတာပိုမိုပြီး ခက်ခဲလာတယ် လမ်းဘေးလုံခြုံတဲ့ နေရာမှာ ကားကိုရပ်လိုက်ပြီး နားနေရင်ကောင်းမယ်လို့ သူမစဉ်းစားနေမိတယ် ဒါပေမယ့် သူမက ကားကိုဆက်လက်ပြီး ထိန်းမောင်းလာခဲ့တယ် သူမက ဆိုးဝါးတဲ့ မုန်တိုင်းထဲမှာ ကားကို သတိကြီးစွာထိန်းမောင်းရင်း သူမရှေ့မြင် ကွင်းဟာ တဖြည်းဖြည်း ကြည်လင်လာတယ် အတော်လေးမောင်းမိတော့ သူမတို့ မုန်တိုင်းကင်းလွတ်ပြီး ခြောက်သွေ့သာယာတဲ့ လမ်းမပေါ် ရောက်နေတာကိုတွေ့ရတယ် ဒီအချိန်မှာသူမအဖေက ပြောတယ် သမီးရေကားကိုလမ်းဘေးချ ရပ်ပြီးအပြင်ထွက်ကြ ရအောင် ” ” ဘာလို့လဲဖေဖေ သမီးတို့ မုန်တိုင်းထဲကလွတ်လာပြီလေ ” ”

အဖေက ပြုံးပြီးပြန်ပြောတယ် ” သမီးရေ စောစောက လမ်းဘေးမှာရပ်ထားခဲ့တဲ့ကားတွေဟာ အခုချိန်ထိ မုန်တိုင်းထဲမှာ ပိတ်မိ ရုန်းကန်နေကြရသေးတာကို သမီးကားထဲကနေ အပြင် ထွက်ကြည့်တဲ့အခါတွေ့လိမ့်မယ် သမီးရဲ့ဘဝမှာလည်း မုန်တိုင်းလိုမျိုး ဆိုးဝါးတဲ့ အခက်အခဲတွေကို ဘယ်တော့မှအရှုံးမပေးနဲ့ သမီး ရှေ့ဆက်သွားပါ အခုလို မုန်တိုင်းကိုဖြတ်ကျော်ခဲ့ သလိုမျိုးပေါ့ကွယ် ”ဘဝခရီးလမ်း တလျှောက်မှာ စိတ်ဖိစီးမှုတွေ စိတ်ပျက်အားငယ်စရာ အတွေ့အကြုံတွေ၊ တွေ့ကြရမှာအသေအချာပါပဲ။ ဘဝရဲ့ခက်ခဲတဲ့အချိန် ကာလတွေကို ဖြတ်ကျော်နေစဉ်မှာ လူအများစုကစိတ်ပျက်အားလျော့တတ်ကြတယ် မုန်တိုင်းထဲမှာ ပိတ်မိခံပြီး ရပ်နားနေတဲ့ကားတွေ လိုပဲ။ ရုန်းမထွက်နိုင်ကြတော့ အချိန်အကြာကြီး ပိုမိုခက်ခဲစွာ ရုန်းကန်နေကြရတယ်။ အခက်အခဲတွေကို အရှုံးမပေးဘဲရုန်းကန် ဖောက်ထွက်ခြင်းဟာ အောင်မြင်မှုတံခါးကို ဖွင့်တဲ့သော့ချက်တစ်ခုဖြစ်တယ်။ လူတိုင်းလူတိုင်းမှာ အောင်မြင်မှု တံခါးကို ဖွင့်လှစ်တဲ့ သော့တစ်ချောင်းစီပါကြပါတယ်။ အဲ့ဒါကတော့ ခက်ခဲတဲ့အချိန်တွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး ဖောက်ထွက်တဲ့နည်းပါပဲ သင်ကြိုးစားရုန်းကန်နေသ၍ အောင်မြင်မှုတံခါးဆီ ကို တရွေ့ရွေ့ချဉ်းကပ်နေတာပါ ကြိုးစားမှု အားထုတ်မှု ရပ်တန့်လိုက်မှသာ ရှုံးနိမ့် သွားတာပါ သင်တို့ဘဝမှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ကြပါစေ ” ဆိုပြီး ဥပမာလေးနဲ့ခိုင်းနှိုင်းပြီး ရေးသားခဲ့တာ တကယ်ကို အသိပညာရလောက်တာမို့ ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။