ပ ရိသတ်အချစ်တော် နိုင်ငံကျော် စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရပါတယ်။ ချစ်သူတွေ မဖြစ်ခင်ကတည်းက အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ ရွှေနှစ်ရွှေက ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိနေတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကလည်း စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက လက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရွှေနှစ်ရွှေက ဘန်ကောက်ကိုရောက်ခိုက် နှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် လည်ပတ်နေတာပဲ ဖြစ်ပါတယ်။

ရွှေထူးက အလှပြင်ပစ္စည်းတွေရောင်းတဲ့ဆိုင်ထဲ ဝင်သွားတဲ့ ရွှေမှုံရတီရဲ့အကြောင်းကို “မိန်းမ ဒီထဲဝင်ပြီဆိုရင်… စောင်ရယ်… ခေါင်းအုံးရယ် … မွေ့ရာ ရယ်နဲ့စောင့်ဖို့ပြင်ပါပြီ ❤” ဆိုပြီး စနောက်ပြီး ပြောထားပါတယ်။

ရွှေထူးက သူ့ရဲ့ ဇနီးလေး ရွှေမှုံရတီ နေမကောင်းဖြစ်နေလို့ ဘန်ကောက်ကိုလိုက်ပြီး ဆေးကုပေးနေတာဖြစ်ပြီး ဇနီးလေး စိတ်ချမ်းသာအောင် အကုန်လိုက်လျောပေးနေတာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးရင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Htoo Khant’s fb