ချစ်ရ တဲ့ သူနဲ့ တရားဝင် လက်ထပ် လိုက်ပြီ ဖြစ်ကြောင်း ကြေငြာလိုက် တဲ့ အဆိုတော် အိမ့်ချစ်

ယခု သတင်းကို ( Eint Chit ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

မေတ္တာတရားတွေလွှမ်းခြုံပြီး ဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦး နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ

ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေက ခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရတိုင်းပင်ပန်းတဲ့ အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေးတစ်ခု လိုချင်ခဲ့တာ…

ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့လက်လေးတစ်စုံကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ❤️ မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ

မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့် အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါလို့ ❤️

Eint Chit