ဗစ် တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲချုပ်နှ င့် ဒုရဲ ချုပ် တို့ ရာ ထူး မှ ရပ်ဆိုင်းအရေးယူ ခံရခြင်းမျိုး မရှိ ဟု ဒုရဲချုပ်အောင်နိုင်သူပြော

ဗစ် တိုး ရီး ယား အမှုတွင် စွပ် စွဲခံရသူ အောင်ကြီးအား ဖမ်းဆီး ချိန်တွင် သမ္မတအိမ်တော် ၌ ရဲ ဗိုလ်ချုပ် အောင်နိုင်သူ ကိုယ်တိုင် ရှင်းလင်းခဲ့ပြီး အောင်ကြီး မှာ တရားခံ မဟုတ်ကြောင်း ၊ တရား ရုံးက အမိန့်ချမှတ်ချိ န်တွင် ရဲဗိုလ် ချုပ်အောင်နိုင်သူ အရေးယူခံရ ကြောင်း လူမှုကွန်ရက် တွင်မကြာ ခဏ သတင်း ထွက်နေသည်။

‘ဖေ့စ်ဘွ တ်ခ်ပေါ်တွင် အ မှန်သတင်းအချို့ကို ဖော်ပြလျက် နောက်ဆက်တွဲ တွင် မဟုတ်မမှန် သတင်းဖော်ပြမှုများ ကို ရေးကြ သူတွေ ရှိနေခြင်း သည် လူထု အတွက် အကျိုးမပြုသည့် အပြင် မမှန်သတင်းများ သတိပြုသုံး သပ်သင့် ပါသည် ’’ဟု ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူက ၎င်းက ဖုန်း မက်ဆေ့ခ်ျမှတစ်ဆင့် ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

သတင်း အတု များ တင်ပြ လျက် ကျူးလွန်နေသော မှုခင်း များလည်း မကြာခဏဖြစ်ပေါ်နေ ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ထိပ်တန်း ရဲအရာရှိ (၅)ဦးထက် မနည်း ကို ဌာနအ ပြောင်းအလဲ ပြုလုပ်လိုက် ကြောင်း ရဲအရာရှိ အချို့က ပြော သည်။မြန်မာနိုင်ငံရဲတပ် ဖွဲ့ရဲချုပ်နှင့် ဒု ရဲချုပ်နှစ်ဦး တို့ သည် လူမှုကွန်ရက် တွင် ထွက်ပေါ်နေ သလို ရာထူးမှ ရပ်ဆိုင်းအရေး ယူခံရခြင်းမျိုး မရှိ ဟု ၎င်းကပြောသည်။

ပုံမှန် တာဝန် ထမ်းဆောင်လျက်ရှိကြောင်း ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူက ပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲ ချုပ်အဖြစ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းနှင့် ဒုတိယ ရဲချုပ်(၂)ရဲဗိုလ်ချုပ် အောင်နိုင်သူ တို့က တာဝန် ယူထားခြင်း ဖြစ်သည်။

အထက်ပါ ပုဂ္ဂိုလ် (၃)ဦးစ လုံးသည် ပင်စင်ယူ ခြင်း၊ ရာထူးမှ ရပ်ဆိုင်းခံရခြင်း၊ ဌာနပြောင်း ရွှေ့ခြင်းများ ခံရသည်ဟု လူမှုကွန် ရက်တွင် သ တင်းများထွက်ပေါ် နေမှုနှင့်ပတ်သက်ပြီး ရဲဗိုလ်ချုပ် အောင်နိုင်သူက ထိုကဲ့သို့ပြော ကြားသည်။

REF: 7DAY DAILY