လူေ တြ ကို ကယ် ဆယ် နိုင်မယ့် ကိုဗစ် Data တွေ ကို တရုတ်က ပေးဖို့ ပျက်ကွက်ခဲ့ဟု WHO ဝန်ခံပြီ

သ တင်းကွန်ရက်ပေါ်ကို ပေါက်ကြား ခဲ့တဲ့ WHO ရဲ့ ဝန်ခံမှုတစ်ခုအရ တရုတ်ဟာ လူသိန်းချီ ကယ်ဆယ်နိုင်မယ့် အရေးပါတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို လွှဲပြောင်းပေးဖို့ နှစ်ပတ်အထိ ကြန့်ကြာခဲ့တယ်လို့ ဆိုပါတယ်။တရုတ်အနေနဲ့ ကိုဗစ်အဖို့ မိမိတို့နိုင်ငံကနေ စတင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကို ဖုံးအုပ် ဖို့ ကြိုးစားနေချိန် လပိုင်းအတော်အကြာမှာ ဒီသတင်း ပေါက်ကြားခဲ့တာပါ။ ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့ ဒီအချက်အလက်တွေကိုသာ စောစောစီးစီး ရရှိခဲ့ရင် အခု သေဆုံးမှုကိန်းဂဏန်းတွေဟာ-ဖြစ်လာနိုင်စရာတောင် မရှိဘူးလို့ ဆိုနေကြပါ သေးတယ်။ ဒီသတင်း ထွက်ပေါ်မှုဟာ WHO ရဲ့ အကြီးတန်းအရာရှိတွေ အချင်းချင်း အငြင်းအခုံဖြစ်ရာကနေ ထွက်ပေါ်လာခဲ့တာပါ။ တရုတ်အနေနဲ့ ကြိုတင်ပြင်ဆင်သင့်ရန်အချက်တွေအပြင် လုံလောက်တဲ့

သတင်းအချက်အလက်တွေကို WHO ထံ ပေးပို့ဖို့ ပျက်ကွက် ခဲ့ကြောင်း WHO ရဲ့ ထိပ်တန်းအရာရှိတွေက ကွန်ပလိန်းလုပ်ခဲ့ရာက သတင်းအစ ထွက်လာတယ်လို့ ဆိုလို့ရပါတယ်။ အမေရိကန်ကတော့ WHO ကို တရုတ်က အပြည့်အဝ ထိန်းချုပ်လိုက်ပြီမို့ ယင်းအဖွဲ့နဲ့ လမ်းခွဲလိုက်ပြီလို့ အတိအလင်း ကြေညာခဲ့ပါတယ်။ အခင်းဖြစ်နေချိန်မှာ WHO က တရုတ်ရဲ့ ပူးပေါင်းကူညီမှုကို လူသိရှင်ကြား ချီးကျူးခဲ့သော်လည်း၊ တကယ်တမ်းက ရသင့်တဲ့ သတင်းအချက်အလက်တွေ မရရှိခင် ချီကျူးခဲ့တာလို့ ဆိုပါတယ်။ AP သတင်းစာမှာတော့ ဇန်နဝါရီ(၁၁)ရက် မတိုင်မီ ကတည်းက တရုတ်အစိုးရ ဓာတ်ခွဲခန်း(၃)ခုမှ

ဗိုင်းရပ်စ်ရဲ့မျိုးဗီဇကို ခွဲခြားနိုင် ခဲ့ပြီလို့ ဖော်ပြခဲ့သော်လည်း၊ ဒီအချက်အလက်တွေကို WHO ထံ ပေးပို့ဖို့ သင့်ပေမယ့် တရုတ်ဘက်က အချိန်ကြာမြင့်စွာ ပျက်ကွက်ခဲ့တာပါ။ ဇန်နဝါရီ(၂)ရက်နေ့မှာ Wuhan Institute of Virology ကနေ ဗိုင်းရပ်စ်ရဲ့သဘောသဘာဝကို နားလည်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ၊ဒါဟာ ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် အရေးပါဆုံး ခြေလှမ်းဖြစ်သော်လည်း၊ တကယ်တမ်းက ဘာမှ အကြောင်းထူးမလာခဲ့ပါဘူး။ အကြောင်းကတော့ ဒီအချက်အလက်တွေကို အစိုးရက တိုက်ရိုက်ထိန်းချုပ်ထားလို့ပါ။ အချက်အလက်တွေ ရရှိဖို့ နှောင့်နှေးခဲ့ပေမယ့်-

(နောက်ပိုင်းမှာ အချက်အလက်တွေ လွှဲပြောင်းပေး ခဲ့ပေမယ့်) WHO ဟာ တကယ်လူနာစစ်စစ်တွေဆီကနေ သတင်းအချက်အလက်တွေ လိုက်လံတောင်းခံရတဲ့အဆင့်မျိုးအထိ ဖြစ်ခဲ့တာပါ။ အမေရိကန် ကူးစက်ရောဂါနဲ့ ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်လည်းဖြစ်-WHO မှာလည်း လက်ရှိ အချိန်ထိ တာဝန် ထမ်းဆောင်နေတဲ့ ဒေါက်တာ Maria Van Kerkhove က အစည်းအဝေးတစ်ခုမှာ ” ကျွန်မတို့ဟာ သတင်းအချက်အလက် အနည်းငယ်သာ ရရှိခဲ့ပါတယ် … ဒီသဘောက ရှင်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ မလုံလောက်ဘူးဆိုတာ ရှင်းပါတယ် “လို့ ပြော ခဲ့ပါတယ်။

Credit CeleCrazyNews
Ref The Sun