မောင်နှမ နှစ်ဦး ရဲ့ နောက် ဆုံး ခ ရီး

ဇွန်လ (၂)ရက်နေ့ က ကမာရွတ်မြို့နယ် သင်္ဘောကျင်းအနီး YBS အမှတ် ၄၀ ခရီးသည် တင်ယာဉ် တစ်စီးက လမ်းပြောင်းပြန်မောင်းနှင်ပြီး တဖက်ယာဉ်ကြောက တက္ကစီ တစ်စီး ကို ပြင်းထန်စွာ တိုက်မိခဲ့ရာ တက္ကစီ ယာဉ်မောင်း အပါအဝင် ခရီးသည် ၂ဦး၊ စုစုပေါင်း ၃ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်က ခရီးသည် ၂ ဦးကတော့ မောင်နှမ အရင်းဖြစ်ကြတဲ့ မနှင်းဝေ အသက် (၂၉) နှစ်နဲ့ မောင်ရဲနောင်ထွန်း(၂၈) နှစ်တို့ဖြစ်ပါတယ်။

ဇွန်လ ၄ရက် နေ့ ဒီနေ့မှာတော့ အဲဒီ မောင်နှမ ၂ ဦး ဈာပန အခမ်းအနားကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ထိန်ပင် သုသာန်မှာ ကျင်းပခဲ့ပါတယ်။

ဘီဘီစီ