စင်္ကာပူထ က် ပိုကျယ် တဲ့ မြေပေါ် မှာ တရုတ်ပို င်ကုမ္ပဏီကို သတ္တုတူးဖော်ခွင့်ပေးခြင်း နောက်ကွယ်

ဝန်း သိုမှာစာချုပ်လိုက်တဲ့ ဧက ၁၈၀၀၀၀ ဆိုတာ စင်္ကာပူထက်ကျယ်တယ်.. လက်ပန်တောင်းတောင် ကြေးစင်တောင်တွေ အကုန်ပေါင်းရင်တောင် ဧက ၁၀၀၀၀ ကျော်ပဲ ရှိတယ်.. ရွှေနဲ့ကြေးနီခေါင်းစဉ် ဆိုပေမဲ့ အဓိကထုတ်မှာက.. မြေရှားသတ္တုလို့ခေါ်တဲ့ “Rare Earth Element.” ရွှေနဲ့ကြေးနီထက်အဆပေါင်းများစွာတန်ကြေးရှိပြီး.. အီလက်ထရောနစ် (IT) ပစ္စည်းကစလို့ နှလုံးအတု အထိသုံးနိုင်တဲ့ခေတ်သစ်မှာမရှိမဖြစ် စက်မှုကုန်ကြမ်းအနေနဲ့တွင်တွင်ကျယ်ကျယ် သုံးကြတယ်…

ထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ အက်ဆစ်ပမာဏက များလွန်းလို့ ကိုယ့်နယ်မြေထဲဘယ်သူမှထုတ်မယူကြဘူး.. အက်ဆစ်ကြောင့် မြေပြင်ဟာရာသက်ပန်ပျက်စီးရုံမကပဲ မြေကြီးထဲပျော်ဝင်ရာကစီးဆင်းလာတဲ့အက်ဆစ်ဓာတ်ကြောင့် ရေကောင်းရေသန့်မရတော့ပဲ နီးစပ်ရာမြစ်ချောင်းများဟာဆိုးဆိုးဝါးဝါးပျက်စီးကာ သုံးမရတဲ့မြေကြီးသာကျန်ရစ်ပြီးလူမှုဘဝများ ကိုထိခိုက်စေပါမည်..

အမေရိကန်နိုင်ငံသည်ပင်လျင် သူ့နိုင်ငံမှာထုတ်လျှင်ရပါလျက် တရုတ်က ဝယ်တယ်.. တရုတ် ကလဲသူ့နိုင်ငံမှာ မြေရှားသတ္တု ကိုမထုတ်ပဲ ဒီလို တတိယနိုင်ငံတွေမှာထုတ်တယ်.. တရုတ်ကငှါးစိုက်တဲ့ ဖရဲခင်းတွေတောင် ၃ နှစ်စိုက်ပြီးရင် သူတို့သုံးတဲ့မြေသြဇာကြောင့်မြေပျက်တာပဲ.. ​ အက်ဆစ်အလွန်အကျွံသုံးရတဲ့ ရွှေ​ဖောင်တွေကြောင့် ချောင်းတွေမြစ်တွေပျက်ကုန်တယ်.. မြေရှားသတ္တု အကြောင်းလေးကို လေ့လာကြပါဦး…

အထက်ပါ သတင်းနဲ့ ပတ်သတ်လို့…

PanAust ကုမ္ပဏီက ကြေးနီထုတ်ဖော်ခွင့်ကို စစ်ကိုင်းတိုင်းမှာ ရရှိသွားတာပါ။ ဒီကုမ္ပဏီက ဩစတေးလျကုမ္ပဏီလို့ သိရပေမယ့် တရုတ်ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့လို့သိရပါတယ်။

ဖတ်မိတဲ့အထဲမှာ ဒီအလုပ်က ကြေးနီတူးဖော်ရေးကို ဗန်းပြပေမယ့် မြေရှားသတ္တု တူးဖော်ဖို့ ပိုဖြစ်နိုင်တယ်လို့ ဆိုတယ်။ အခြား ဆောင်းပါးတွေက ဖော်ပြတာကတော့ ဒေသခံတွေနဲ့ ထိတွေ့မှု သိပ်မရှိဘူးလို့ ဆိုပါတယ်။

ဒီမှာ တွေးစရာဖြစ်လာတာက ဒီလို စီမံကိန်းကြီးတွေမှာ Environmental Impact Assessment တွေပါစမြဲပါ။ ဒီလိုဟာတွေကို စံနစ်တကျ စစ်ဆေးထားတာ ရှိမရှိဆိုတဲ့အရာကို သိဖို့ လိုအပ်လာတာပါ။

နိုင်ငံတိုးတက်ဖို့ စီးပွားရေးကောင်းဖို့ ပြည်ပလုပ်ငန်းတွေလိုအပ်ပါတယ်။ တချို့နေရာတွေမှာ သဘာဝပတ်ဝန်းကျင်ကို သိသိလျက်နဲ့ စတေးလိုက်ရတာတွေရှိပါတယ်။ ဒါပေမယ့်.. ဒီလို စတေးလိုက်ရတဲ့နေရာမှာ ကိုယ်ရလိုက်တဲ့အကျိုးအမြတ်နဲ့ ပေးဆပ်လိုက်ရတာ မတန်တဆ မဖြစ်ဖို့၊ ဒါကို သေသေချာချာ ချိန်ဆတတ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ သိပ်ကိုအရေးကြီးပါတယ်။

အခု အော်တဲ့သူတွေကတော့ အော်လာကြပါပြီ။ တချို့တွေမေးနေတာက ဒီလိုကိစ္စ လွှတ်တော်ထဲမှာဆွေးနွေးခဲ့ကြပါသလားတဲ့။ ဆွေးနွေးခဲ့ကြရင်လဲ ဒါတွေကို ပြန်လည် သုံးသပ်ဖို့ လိုအပ်လာပါပြီ။ စတုရန်းကီလိုမီတာ ၇ဝဝ ကျော်ခန့်ရှီတဲ့ ဒေသဆိုတော့ သေချာ သုံးသပ်ဖို့ လိုအပ်ပါတယ်။

ဒီနိုင်ငံမှာက လက်ရှိအစိုးရလုပ်တာ တစ်ခုခု ဆိုရင် ပျက်စီးစေချင်တဲ့အခါ မဟုတ်တဲ့အချက်တွေကို အဟုတ်လုပ်ပြီးရေးတတ်တာတွေရှိသလို၊ တကယ်ဟုတ်တဲ့ အချက်ကို ပုံကြီးချဲ့ပြီးရေးတတ်တာလဲ ရှိပါတယ်။ ဒါက အရင်အစိုးရ လက်ထက်မှာလဲ ကြုံခဲ့ဖူးတဲ့အရာပါပဲ။ နိုင်ငံရေးယဉ်ကျေးမှု မရင့်ကျက်သေးတဲ့ အချိန် ဖြစ်တတ်တဲ့သဘာဝတွေပါ။

တကယ်လိုအပ်တာက “တိကျမှန်ကန်ပြီး ဖုံးကွယ်လိမ်ညာမှုမပါတဲ့” အစီရင်ခံစာ၊ သုံးသပ်ချက် တွေပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အသံတွေတော့ ထွက်လာပါပြီ။ မြန်မာနိုင်ငံကို အကျိုးတကယ်ရှိမရှိ သုံးသပ်ချက်တွေ ပြုလုပ်ဖို့ လိုအပ်ပါပြီ။ (MyoSet Min)