COVID-19 ရဲ့ ပွဲသိ မ်းဘယ် လိုဖြစ် မ လဲ

COVID-19 ရော ဂါ ပြီးဆုံး ပုံနှင့်ပတ်သက်သမျှ ကြိုတင်ခန့် မှန်းချက်များအားလုံးက တွေးဆ ချက်များသာဖြစ်သည်။

သို့သော် ယင်းကိုအဆုံးသတ်ရာတွင် ယခင်ကပ်ရောဂါများကို ကျော်လွှား ခဲ့သည့် နည်းလမ်းများအားလုံးအ ပြင် ပွဲသိမ်းပေးမည့် အခြားကိစ္စရပ်များလည်း ပေါင်းစပ်ပါဝင်ပါ လိမ့်မည်။

နေ့စဉ်ဘဝမှာ ခပ်ခွာ ခွာနေခြင်းကို ဆက်လက်ကျင့်သုံး ခြင်းဖြင့် အချိန်ကိုတိုတောင်း အောင်ဝယ်ယူနိုင်ပါသည်။

ကုသ ဆေးအသစ်များ ပေါ်ထွက်လာ ခြင်းက ရောဂါလက္ခဏာများကို လျော့ပါးသက်သာစေပါမည်။

ထို့ နောက်တွင်တော့ ကာကွယ်ဆေး က အလွန်အသုံးဝင်ပါလိမ့်မည်။

နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေခြင်း (Social Distancing) ကဲ့သို့သော ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ ကို မည်သည့်အချိန်တွင် အဆုံး သတ်နိုင်မည်ဟူသည့် ဖော်မြူလာ အတိအကျ တွက်ထုတ်နိုင်ရန်မှာ မူ ရောဂါကိုတုံ့ပြန်ရာတွင် အစိုးရ များက မည်မျှထိရောက်အောင် တုံ့ပြန်သနည်း၊ ပြည်သူလူထုက ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့် သတ်ချက်များကို မည်မျှလိုက်နာ သနည်း စသည့်အချက်များပေါ် တွင် မူတည်ပါသည်။

ဥပမာအား ဖြင့် ဟောင်ကောင်၊ တောင်ကိုရီး ယား စသည့်နိုင်ငံများကဲ့သို့ ရော ဂါပိုးကို ကန့်သတ်ထိန်းချုပ်မှုအား ပြင်းပြင်းထန်ထန် ဆောင်ရွက်ကြ သည့် နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ဥရောပ၊ အမေရိကန်စသည့်နိုင်ငံ များက နောက်ကျပြီးမှသာရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ရပ်စဲ နိုင်မည်ဖြစ်သည်။

‘‘ကမ္ဘာ့ကပ် ရောဂါကို ဖယ်ရှားပစ်နိုင်ဖို့ဆိုရင် ၅၀ ရာခိုင်နှုန်းဟာ လူမှုရေးနဲ့နိုင်ငံ ရေးပေါ်မူတည်တယ်’’ဟု ကိုဘီ ကဆိုသည်။

ကျန်ရှိနေသော ၅၀ ရာခိုင် နှုန်းမှာ သိပ္ပံပညာရပ်ပေါ် မူတည် နေသည်။

သုတေသီများက ဘယ် ခေတ် ဘယ်အခါနှင့်မျှမတူအောင် စုဖွဲ့ကာ ရောဂါကိုတိုက်ထုတ်နိုင် မည့် ဆေးဝါးများကို မျက်နှာစာ အသီးသီးမှ ရှာဖွေဖော်ထုတ်နေ ကြသည်။

များပြားလှစွာသော ဗိုင်းရပ်စ်တိုက်ခိုက်ရေး ဆေးဝါး များ (Antivirals) အနက်မှ တစ် ခုခုကသာ ထိရောက်မှုရှိကြောင်း သက်သေပြနိုင်ခဲ့ပါက ကုသမှု နည်းလမ်းများကို အဆင့်မြှင့်တင် ကာ ရောဂါလက္ခဏာပြင်းထန် သော လူနာနှင့် သေဆုံးသူအရေ အတွက်များကို လျှော့ချနိုင်တော့ မည်ဖြစ်သည်။

ရောဂါမှ ပြန်ကောင်းလာ သည့်လူနာများတွင် ခုခံအားရှိနေ သေးကြောင်း အထောက်အထား ဖြစ်သည့် SARS-CoV-2 ကို တုံ့ ပြန်သည့် ပဋိပစ္စည်းများကို စစ် ဆေးရှာဖွေနိုင်သည့် နည်းလမ်း ကလည်းအသုံးဝင်ကြောင်း တွေ့ ရှိရသည်။

ကရမ်မာနှင့် လုပ်ဖော် ကိုင်ဖက်များက ယင်းစမ်းသပ် နည်းကို တီထွင်ဖန်တီးနေသည်။

၎င်းတို့နည်းတူ အခြားတီထွင် ထုတ်လုပ်နေသူများလည်း ရှိ သည်။

ထိုစမ်းသပ်နည်းမျိုးကို ယခင်က ဒေသတွင်းရောဂါကူး စက်မှုများတွင် အသုံးပြုခဲ့ဖူး သည်။

သွေးရည်ကြည်ကို စမ်း သပ်စစ်ဆေးသည့် နည်းလမ်းများ က ကမ္ဘာ့ကပ်ရောဂါကြီးကို ရပ် တန့်သွားအောင် ဆောင်ရွက်နိုင် သည်တော့မဟုတ်ပါ။

သို့သော် ပဋိပစ္စည်းပါဝင်မှု မြင့်မားသည့် သွေးကို အသုံးပြုကာအသက် ဘေးနှင့် ရင်ဆိုင်နေရသည့် လူနာ များအား ကုသပေးနိုင်မည်ဖြစ် သည်။

အနည်းဆုံးတော့ဖြင့် လူ များ၏ ခန္ဓာကိုယ်တွင်းပဋိပစ္စည်း ဖြစ်ပေါ်မှုကို တိုင်းတာစစ်ဆေး ကာ ပဋိပစ္စည်းပမာဏ မြင့်မားသူ များကိုဖော်ထုတ်ပြီး လုပ်ငန်းခွင် သို့ မြန်မြန်ပြန်လည်ပို့ဆောင်ပေး နိုင်မည်ဖြစ်သည်။

ရောဂါကူးစက်မှုကို ရပ်တန့် ရန်မှာ ကာကွယ်ဆေးက အဓိက ဖြစ်သည်။

ကာကွယ်ဆေးထွက် ပေါ်လာဖို့က အချိန်ယူရမည်ဖြစ် သည်။

ယခုမှစ၍ တစ်နှစ်လောက် ကြာနိုင်ခြေရှိသည်။

သို့သော်ကာ ကွယ်ဆေးတစ်ခုခုက ရောဂါထိန်း ချုပ်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆ ချက်အတွက် ကျိုးကြောင်းဖော်ပြ ချက်ရှိပါသည်။

ကိုရိုနာဗိုင်းရပ်စ် ၏ လူ့ဆဲလ်များနှင့် ပတ်သက် ဆက်နွှယ်ပုံက တုပ်ကွေးဗိုင်းရပ်စ် လောက် များပြားရှုပ်ထွေးခြင်းမရှိ ပါ။

ဗိုင်းရပ်စ်နှင့်လူ့ဆဲလ်ကြား ပတ်သက်ဆက်နွှယ်မှုကို ဖယ် ရှားပစ်လိုက်နိုင်ပါက ဗိုင်းရပ်စ် များ ဆက်လက်ပွားများနိုင်တော့ မည်မဟုတ်ကြောင်း ကရမ်မာက ရှင်းပြသည်။

သည်အချက်က အားသာချက်အဖြစ် ရှိနေသည် ဟုလည်း သူကဆိုသည်။

ထွက် ပေါ်လာမည့် ကာကွယ်ဆေးများ က ဝက်သက်ရောဂါကာကွယ် ဆေးကဲ့သို့ ခုခံစွမ်းအားကြာရှည် ဖြစ်ပေါ်စေမည်လား (သို့မဟုတ်) တုပ်ကွေးကာကွယ်ဆေးကဲ့သို့ ခု ခံစွမ်းအားကို ခဏတာသာဖြစ် ပေါ်စေမည်လား ရှင်းရှင်းလင်း လင်းမသိရသေးချေ။

သို့သော် ယခုအချိန်တွင်မူ မည်သည့်ကာ ကွယ်ဆေးမဆို ရောဂါထိန်းချုပ် ရေးကို အထောက်အကူပြုနိုင်မည် ဟု University of Michigan မှ ကပ်ရောဂါဗေဒပါရဂူအော်ဘရီ ဂေါ်ဒွန် (Aubree Gordon) ကဆို သည်။

ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိသူများ၊ ရောဂါမှ ပြန်ကောင်း လာသူများအပါအဝင် သန်း ၈,၀၀၀ နီးပါးမျှရှိသော ကမ္ဘာ့လူ ဦးရေအားလုံးကို ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိလျှင်တော့ COVID- 19 က ကမ္ဘာပေါ်တွင် ကူးစက်ရောဂါတစ်မျိုးအဖြစ် ဆက်လက် တည်ရှိနေမည်သာ ဖြစ်သည်။

ယင်းက ကမ္ဘာ့လူသား ထုကြား လှည့်လည်ကူးစက်ရင်း နှစ်စဉ်ဖြစ်ပွားသည့် ရာသီပေါ် ရောဂါတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဦးမည်ဖြစ်သည်။

တစ် ခါတစ်ရံတွင်တော့ ပြင်းပြင်းထန် ထန်ဝေဒနာများ ဖြစ်ပေါ်စေလိမ့် မည်ဟုခန့်မှန်းရသည်။

ဗိုင်းရပ်စ် က လူသားထုကြား ကာလရှည် ကြာစွာနေထိုင်လာသည်နှင့်အမျှ ကလေးငယ်များသည်လည်း ကူး စက်ခံရမည်ဖြစ်သည်။

ပုံမှန်အား ဖြင့် ကူးစက်ရောဂါများ (အားလုံး ကိုတော့မဆိုလို) သည် ကလေး ငယ်များတွင် ဖြစ်ပွားဖူးပါက ၎င်း တို့အရွယ်ရောက်လာသည့် အခါ ရောဂါပြန်လည်ကူးစက်ခံရသော် လည်း ပြင်းထန်သည့်ဝေဒနာကို ခံစားရဖို့ အခွင့်အလမ်းနည်းလာ စေသည်။

ထွက်ပေါ်လာမည့်ကာ ကွယ်ဆေးများ၏ အကူအညီ၊ ကျွန်ုပ်တို့ခန္ဓာကိုယ်၏ သဘာဝခု ခံစွမ်းအားတို့ပူးပေါင်းကာ ကျွန်ုပ် တို့ကိုယ်ကျွန်ုပ်တို့ ကာကွယ်နိုင် ကြပါလိမ့်မည်။

အခြားဗိုင်းရပ်စ် များကဲ့သို့ပင် ကိုရိုနာဗိုင်းရပ်စ် သည်လည်း ကမ္ဘာပေါ်တွင် လူ သားများနှင့်အတူ ဆက်လက် တည်ရှိနေပါလိမ့်မည်။

သို့ သော် တစ်ကမ္ဘာလုံးကို ကပ်ဆေးမိုးရွာ မည့် ရောဂါတစ်ခုတော့မဖြစ်နိုင် ပါချေ။

Source: 7 Days News