သေရ မှာ မကြောက်ပေ မယ့် မသေချင်ေ သးဘူးဆို တဲ့ အသက်(၇၃)နှစ်ရှိပြီဖြစ်တဲ့ ဦးမိုးဒီ

ပ ရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဝါရင့် ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးမိုးဒီကိုတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ခင်အားပေးကြမယ်ထင်ပါတယ် ။ သူတတ်စွမ်းတဲ့ အနုပညာနဲ့ ပရိသတ်တွေအတွက် နှစ်ပေါင်းများစွာပေးဆပ်ခဲ့ပေမယ့် အခုချိန်မှာတော့ အသက်ရွယ်အရရော

ကျန်းမာရေးအခြေနေကြောင့်ပါ အနားယူခဲ့ရပါပြီ ။ဦးမိုးဒီကတော့ အသက် (၇၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ။ ဇာတ်သမားဘဝနဲ့ဘဝကြမ်းခဲ့ပြီး ကား (၂) ခါတိတိမှောက်ပြီး ဒဏ်ရာရခဲ့ပေမယ့် ကံကောင်းထောက်မစွာအသက်မသေခဲ့ဘူးလို့ သူ့ရဲ့ဇာတ်သမားဘဝအတွေ့ကြုံတွေကို

ပြန်လည်ပြောပြလာခဲ့ပါတယ် ။ ဇာတ်ကတာအပြင် သရုပ်ဆောင်အလုပ်ပါ ဝင်ငွေရှိခဲ့ပေမယ့် ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့အတွက် အရမ်းမများတဲ့ အနုပညာကြေးလေးနဲ့ပဲ စုစုဆောင်းဆောင်းနေတတ်ခဲ့လို့ကိုယ်ပိုင်အိမ်လေးတစ်လုံးပိုင်ခဲ့တယ်လို့လည်း

သိရပါတယ် ။ ဘဝတစ်လျှောက်လုံး သူချစ်တဲ့အနုပညာတွေနဲ့ ပေးဆပ်ရင်း ပရိသတ်တွေကိုရယ်မောစေခဲ့သူ ဦးမိုးဒီကတော့ အသက်ရွယ်ရလာပြီဆိုတော့ သေရမှာမကြောက်ပေမယ့် သေတော့မသေချင်သေးဘူးလို့ လည်း ပရိသတ်တွေကိုဖွင့်ဟခဲ့ပါသေးတယ် ။ ဦးမိုးဒီတစ်ယောက် ကျန်းကျန်းမာမာနဲ့အသက်ရာကျော်ရှည်ပြီး ချစ်တဲ့ပရိသတ်တွေနဲ့အကြာကြီးနေသွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။