“ထားရာေ န စေရာ သွား” မိဘ အိမ်တောင် ပြန်နှုတ်ဆ က်ခွင့် မရှိေ တာ့တဲ့ စစ်ဆရာဝန်များ

ထား ရာနေ စေရာသွား…

ယနေ့ သတင်းမေးလာကြသူများတွင် ဆေးမှူး ဆရာဝန်လေးတစ်ဦး ပါသည်… ရှမ်းအရှေ့ရှိတပ်ရင်း တစ်ခုသို့ ခြေလျင်ဆေးမှူးအဖြစ် တပ်ပြောင်းပါသဖြင့် နှုတ်ဆက်ရင်း လာကန်တော့ခြင်း ဖြစ်သည်…

တပ်ပြောင်းပါလျင် ၂၁ရက် အတွင်း ပြောင်းသည့်တပ် သို့ သတင်းပို့ရသည်၊ မပို့မှီ မိဘဆွေမျိုးများကို တွေ့ဆုံ နှုတ်ဆက်ရန် ခွင့်ပေးပြန်လေ့ရှိသည်၊ ထို့ကြောင့်မေးလိုက်သည်.. “ဒါဆို အိမ်ကို ခွင့်ပြန်ရတော့ မှာပေါ့…”

“ပြန်ဘို့ ခွင့်မပေးဘူး ဆရာ၊ အခုဆေးတပ်ကနေ ပြောင်း ရမဲ့ ခြေလျင်တပ်ကိုသွားမဲ့ လေယာဉ်ပေါ် တင်ပေးမှာတဲ့”

“ဘာဖြစ်လို့… ”

” ပြေးမှာစိုးလို့တဲ့ ဆရာ….”

” ဟေ.. မင်းမိဘတွေနဲ့ မတွေ့ရတော့ဘူးပေါ့…” စိတ်မကောင်းဖြစ်မိသော်လည်း ဘာပြောရမှန်းမသိပါ၊ ခြေလျင်တပ်ရင်းတွင် တာဝန်ကျသော ဆေးမှူး လေးတွေ ဘဝ ကိုတွေးနေမိသည်.. သူတို့မှာ ဆယ်တန်းတွင် အမှတ် များသဖြင့် တဆတ သို့ဝင်ခွင့်ရသော်လည်း ကျောင်းဆင်း သောအခါ DSA ထက်သုံးနှစ် နောက်ကျမှဆင်းရသည်…

တဖန် ကျောင်းဆင်းချိန် သုံးနှစ်နောက်ကျသော်လည်း တစ်လတည်းကျောင်းဆင်းရာတွင်ပင် DSA. DSTA တို့ဆင်းပြီးမှ နောက်ဆုံးမှ ဆင်းရသဖြင့် BC ကိုယ်ပိုင် အမှတ်စဉ်ရာတွင် နောက်ဆုံးမှ ဝင်တော့သည်..ထို့ကြောင့် ရာထူးတိုးသောအခါတွင်လည်း နောက်ဆုံးဖြစ်သည်…

ထို့ကြောင့် ဆယ်တန်းနှစ်ချင်း အတူတူ DSA ဆင်းများ ဗိုလ်မှူးဖြစ်ချိန်တွင် DSMA ဆင်း ဆေးမှူးများမှာ ခြေလျင် တပ်ရင်းတွင် ဗိုလ်ကြီး များအဖြစ် တာဝန်ကျသည်… သဘောထားပြည့်ဝသူ တပ်မှူးများ၊ အရာရှိများနင့် ဆုံလျင် အဆင်ပြေကြသော်လည်း တပ်ထဲတွင် အပွင့်ချင်း ယှဉ်၍ ရာထူးဖြင့်စကားပြောသူများနှင့် တွေ့သောအခါ ဆေးမှူးများ ဒုက္ခရောက်တော့သည်၊ အချို့ ခြေလျင် အရာရှိများမှာ ပုခုံးပေါ်မှ အပွင့်ကိုကြည့်၍ ရာထူးမာန် တက်ကာ ဆေးမှူးများကို အပေါ်စီး ဆက်ဆံသည့်အခါ မနေနိုင်တော့ဘဲ တပ်ပြေးဖြစ်ရခြင်း အကြောင်းတစ်ခု ဖြစ်လာသည်။ အခြား အကြောင်းအချက်များ လည်းရှိ သော်လည်း နောင်မှ ရှင်းပြနိုင်ပါတော့မည်…

ဤအချက်များကို မပြင်နိုင်လျင် ခြေလျင်တပ်ရင်းများတွင် ခြေလျင်ဆေးမှူးမှာ post သာရှိပြီး လူ(ဆေးမူး) မရှိသည့် အနေအထားသို့ ရောက်သွားနိုင်ပါတော့သည်… လက်ကျောမတင်း တာဝန်မသိ သော ဆေးမှူးများလည်း ရှိနေရာ သူတို့ကို တော့ ​နေမောင်လည်း မကြိုက်ပါ… ..​ခြေလျင်အရာရှိများတွင်လည်း ကိုယ်ချင်းစာစိတ်ဖြင့် ဆက်ဆံသူများ လည်းရှိပါသည်…

ဒါပေမဲ့ ဘယ်တော့မှ ပြန်ခွင့်ရမှန်းမသိတဲ့ တပ်ကို မသွားခင် ကိုယ့်မိဘကို နှုတ်ဆက် ကန်တော့ခွင့် မပြုနိုင်လောက်အောင် အားလုံးသိမ်းကြုံးပြီး မယုံကြည်တာတော့ စိတ် မကောင်းပါ…

“ဟေ… ဒါဆို အိမ်မပြန်တော့ဘူးပေါ့..”

“ဟုတ် ဆရာ.. ရုံးကိုမေးကြည့်တော့ ကိုယ်တာဝန်ကျ တဲ့တပ်ကို တန်းပို့ဘို့ အထက်က ညွှန်ကြားတာလို့ ပြောပါ တယ်… အမေကတွေ့ချင်ပေမဲ့ တပ် စည်းကမ်းဖောက် ရာကျမှာမို့ မလာပါနဲ့တော့တဲ့.. တပ်က စီစဉ်တဲ့ အတိုင်း သွားရမဲ့မြို့ကို ပထမဆုံးလေယာဉ် ရှိတဲ့ ရက်မှာ သွားရ ပါတော့မယ်.. ”

သူမှာ ပထမအကြိမ်က ရှမ်းမြောက်သို့ ခြေလျင်ဆင်း ဘူးပြီး ယခု ​ရှမ်းအရှေ့ ခြေလျင်သို့ ဒုတိယ အကြိမ်ဆင်း ရခြင်း ဖြစ်​သော်လည်း စိတ်ဓာတ်မကျဘဲ စည်းကမ်း လိုက်နာကာ စေရာ သွားမည်ဆိုတော့ လေးစားသွားရပါတော့သည်… (Nay Maung)