မုဒိတာအိမ်ရာ က အမျိုးသမီးတွေ ကို နှောင့်ယှက်နေ တဲ့ နိုင်ငံခြား သား ကိစ္စ တာဝန်ရှိသူများ နှာစေးနေ

ဒီနေ့ သတင်းစာဖတ်တော့ မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာ (၁) မှာ နေထိုင်တဲ့ အမျိုးသမီးတွေကို နိုင်ဂျီးရီးယား နိုင်ငံသားတွေက နှောင့်ယှက်နေလို့ နေထိုင်ရတာ အခက်အခဲဖြစ်နေပြီး ရန်ကုန်မြို့တော်ဝန်အပါ တာဝန်ရှိသူတွေကို တိုင်တန်းထားသော်လည်း အရေးယူမှု မရှိလို့ အခက်တွေ့နေတယ်တဲ့

အစိုးရအဖွဲ့တာဝန်ရှိသူကို လေးကြိမ်၊မြို့တော်ဝန်ကို ခြောက်ကြိမ် တိုင်တန်းခဲ့ပြီး အရေးယူမှု မရှိပါတဲ့၊ ထွေအုပ်ကို ပြောရင် စည်ပင် နဲ့ဆိုင်တာ၊ စည်ပင်ကို ပြောရင်လဲ ထွေအုပ်နဲ့ဆိုင်တာဆိုပြီး aဘာလီဘောပုတ်နေကြတယ် ဆိုပဲ

နိုင်ဂျီးရီးယားနိုင်ငံသား ၇ဝ ကျော်လောက် အဲ့ဒီ့အိမ်ရာမှာ နေထိုင်ပြီး အမျိုးသမီးတွေကို ဓာတ်လှေကားထဲမှာ ဝိုင်းဖက်လို့ ပြေးရတဲ့သူကပြေး၊ လမ်းလယ်ခေါင် အတင်းလက်ဆွဲလို့ပြေးရသူကပြေး နဲ့ လူပါးဝနေကြတာ မြင်လို့ ကြည့်လို့ကောင်းနေကြတယ်ထင်တယ်။

နေဝမ်းထွန်း