“ပြည် သူ့ ၀န်ထမ်း စစ်စစ်တစ်ယောက် ရဲ့ ဘ၀က ဒီလို တဲ့လား….စိတ်မကောင်းလိုက်တာ

ရွှေခ ရာယူနီဖောင်းဟောင်းလှပေါ့ဒီချိန်ခါ

🚥 ကြည့်စမ်းပါဦး

မကွေးကပြည်သူ့ဝန်ထမ်းကြီးရဲ့ ယူနီဖောင်း

အဟောင်းလို့တောင် ဆိုမရဘဲ

အစုတ်ဘက်ကိုသွားနေပြီ။

🚥 ကြည့်စမ်းပါဦး

ဒီယူနီဖောင်းကိုပင် ဝတ်လို့ရပါသေးတယ်

သူ့လိုချင်တာ ဘောင်းဘီလို့ပြောရှာတဲ့

တစ်ကယ့် ရဲစစ်စစ်။

🚥 ကြည့်စမ်းပါဦး

နှစ်စုံလောက်ချုပ်ဖို့ ကြိုးစားပေးမယ်ပြောတော့

တစ်စုံဆိုရင်အဆင်ပြေပါတယ်တဲ့

ပြန်ပြောဖို့စကား ဆွံ့အခဲ့။

🚥 ကြည့်စမ်းပါဦး

ဖိနပ်တစ်ရံ နှစ်သောင်းခြောက်ထောင်ဆိုတော့

ဈေးကြီးတယ် မလုပ်ပါနဲ့တဲ့

ရင်ထဲကပါပါ ငြင်းတာပါ။

🚥 ကြည့်စမ်းပါဦး

နှစ်သိန်းကျော်လစာ ယူနီဖောင်းမချုပ်နိုင်ရှာဘူး

ဖိနပ်အသစ်တစ်ရံ ဝယ်မစီးနိုင်ဘူး

ဒါယာဉ်ထိန်းအစစ်တွေရဲ့ ဘဝမှန်။

Credit ကိုမိုး(မကွေးပရဟိတ)