ဆီး ကျိတ် ယောင်လို့ ဆီးသွားရတာကျန်နေသလိုလို သွားပြီးတော့လည်းထပ်သွားချင်သလိုလိုညညခဏခဏထထ ဆီးသွားနေရတာတို့ဆီးမသွားရသေးခင် ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရေတာတို့(အမျိုးသားများ)

ငြုပ်သီးစားများသွားလို့ ဆီးပူဆီးချုပ်ဆီးအောင့်သူများအတွက်
ခွေးတောက်ရွှက်(၇ -၁၀ )ကိုငှက်ပြောသီး(ဖီးကြမ်း)တစ်လုံးနှင့်ပြုတ်ပြီး သုံးလေးငါးရက်ဆက်စားလိုက်ရင် သက်သာပါပြီဗျာ။

ခွေးတောက်ရွှက်ပါးပါးလှီး ငှက်ပြောသီး ထိပ်ဖြတ်ဖင်ဖြတ်ပြီးမှပြုတ်နော် ပြုတ်ပြီးတော့မှ
ပြုတ်ရည်၊အရွှက်၊ငှက်ပြောသီး သုံးခုလုံးစားပေါ့ဗျာ ချိုတိုတို ခါးသက်လေးမို့စားလို့ကောင်းပါတယ်ခင်ဗျ။

တစ်လတစ်ကြိမ်သို့နှစ်ကြိမ် ကိုယ့်အခြေအနေအရစားပေါ့ဗျာ ။ကျွန်တော်တော့ဆီးအိမ်ကအောင့်တောင့်တောင့်
ဖြစ်လာရင် ညညထရတာစိပ်လာရင် စားလိုက်တာဘဲ။

ကိုယ်တွေ့မို့စေတနာနှင့်ပြောရတာပါ။ စာအရေးအသားမရှင်းလင်းရင်လည်း
တောင်းပန်ပါတယ်ခင်ဗျာ။

ဖြန့်ဝေမျှဝေပေးရင် ကျေးဇူးအထူးတင် ဝမ်းမြောက်ရပါကြောင်း ကြိုတင်ထပ်လောင်းပြောပါရစေ။

Credit:Maung Maung Than