မေးခွန်းထုတ် စရာ ဖြစ်နေ သည့် တပ်မတော် ရဲ့ နပ်ဂေး တစ် ကိုဗစ် စစ်ဆေးတဲ့ စက်ကြီး

ဒီေ န့မနက် ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာသစ် ၄ ဦးဟာ အိန္ဒိယပြန် တပ်မတော်သားတွေဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီးလို့ မေ ၂၄ ရက်မှာ မြန်မာ့ အမျိုးသားလေကြောင်းလိုင်းနဲ့ ပြန်လည်ရောက်ရှိလာကြတဲ့သူတွေ ဖြစ်ပါတယ်။

သူတို ၄ ယောက်အပါအဝင် အိန္ဒိယပြန် တပ်မတော်သား ၁၈ ယောက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာ Q ဝင်ခိုင်းထားတယ်လို့ သိရပါတယ်။ သူတို့အားလုံးကို ပြန်လာတဲ့ နေ့မှာတင် တပ်မတော်က သူတို့ ၁၈ ယောက်လုံးရဲ့ နှာခေါင်းတို့ဖက်၊ အာခေါင်တို့ပတ်တွေကို ယူပြီး တပ်မတော်ပိုင် Covid-19 စစ်ဆေးတဲ့ စက်နဲ့ စစ်ခဲ့ရာမှာ ထုံးစံအတိုင်း အားလုံး Negative (နပ်ဂေးတစ်) ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကို သတင်းပို့ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နဲ့အတူပြန်လာတဲ့ လေယာဉ်မှာ အမျိုးသား ၉ ယောက် အမျိုးသမီး ၈ ယောက်မှာ ပိုးတွေ့ခဲ့တာကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက အိန္ဒိယပြန် တပ်မတော်သား ၁၈ ယောက်ရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ ဖတ်နမူနာတွေကို တောင်းယူပြီး အမျိုးသားဓာတ်ခွဲဌာန (NHL) မှာ စစ်ဆေးတဲ့အခါမှာ သူတို့ထဲက ၄ ယောက်မှာ ပိုးတွေ့ကြောင်း ယနေ့မနက်က ကြေညာခဲ့ပါတယ်။

အကယ်၍သာ ကျန်းမာရေး ဝန်ကြီးဌာနကသာ တစ်မျိုးသားလုံး အရေးကို မကြည့်ပဲ တပ်က သူတို့လူသူတို့ စစ်ဆေးတာပဲ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ခေါင်းရှောင်နေခဲ့မယ်ဆိုရင် ယခု Positive တပ်မတော်သား လူနာ ၄ ယောက်ဟာ သူတို့ကိုယ်သူတို့ Negative နပ်ဂေးတစ်တွေပါဆိုပြီး တပ်ထဲမှာ အရင်ဆုံး ကူးစက်ကုန်ပါတော့မယ်။ အဲ့ဒီကနေမှ နယ်လှည့်ဈေးရောင်းအဖွဲ့တွေနဲ့အတူ ပြည်သူလူထုကြားကို ရောဂါကူးစက် ပျံ့နှံ့လာပါဦးမယ်။

ယခုလို Positive လူနာတွေကို ဒုတိယအကြိမ် ကျန်းမာရေး ဝန်ကြီးဌာနက အစိုးရပိုင်စက်ကြီးနဲ့ စစ်မှ ရောဂါပိုးရှိကြောင်း တွေ့ရှိရတဲ့အပေါ်မှာ မေးခွန်းထုတ်စရာ ရှိလာတာက…

တပ်မတော်ပိုင် Covid-19 စစ်တဲ့စက်ကြီးတွေက အမြဲတမ်း Negative (နပ်ဂေးတစ်) ပဲပြနေတာလား ? ဒါမှမဟုတ်… တပ်မတော်က သူတို့ တပ်မတော်သားတွေထဲမှာ ရောဂါပိုးရှိနေတယ်ဆိုတာကို အသိမခံချင်လို့ စစ်ဆေးတဲ့ရလဒ် အမှန်ကို ကျန်းမာရေးဝန်ကြီးဌာနကို အသိမပေးတာလား ?

(ဇာနည်ထွန်း)