“အကြမ်းဖက်ဖို့ အသင့်ဖြစ်နေတဲ့ ဆန္ဒပြလူ အုပ်ကြီး ကို မျက်ရည်တွေ နဲ့ နှုတ်ဆက်ပြန်သွားစေခဲ့ တဲ့ ရဲတပ်ဖွဲ့ရဲ့ လေးစားဖွယ်လုပ်ရပ်”

အမေ ရိကန်နိုင်ငံ မိုင်ယာမီ Dade County ရဲဌာနချုပ်က ဆန္ဒပြပွဲကို ဖြေရှင်းသွားပုံလေး အရမ်းလေးစားဖို့ကောင်းပါတယ်

မနေ့ နေ့လယ်က အဲ့ ရဲဌာနချုပ်ကို ဆန္ဒပြသူတွေ ဝိုင်းလာတော့ စခန်းထဲက ရဲအရာရှိ‌ေတွ‌ေရာ၊ ရဲတပ်သားတွေပါ အကုန် ရှေ့ထွက် သူတို့ကို ခွင့်လွှတ်ပေးဖို့ ဒူးထောက် တောင်းပန်ခဲ့ကြပါတယ်။

အဲ့တော့ ဆန္ဒပြတဲ့ ပြည်သူတွေလည်း စိတ်မကောင်းဖြစ်ကုန်ပြီး ငိုယိုကာ ဒူးပြန်ထောက်ကြပါတယ်။ နောက်ဆုံးတော့ သူငို၊ ကိုယ်ငိုနဲ့ George Floyd အတွက် အတူတကွ ဒူးထောက်ဆုတောင်းရင်း ဆန္ဒပြပွဲကြီး ပြီးဆုံးသွားခဲ့ပါတယ်။

ဒီကိစ္စလေး တစ်ခုအတွက် ကျွန်တော်တို့အပေါ် လူထု အထင်မှားပြီး အယုံအကြည် ကင်းမဲ့တာ မခံနိုင်ဘူးလို့ ရဲအရာရှိတစ်ဦးက ရင်ဖွင့်ခဲ့ပါတယ်။

ဒီဆန္ဒပြွဲ့တွေဟာ George Floyd လို့အမည်ရတဲ့ လူမည်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးရင်း လည်ပင်းကို ဒူးနဲ့ (၉)မိနစ်ကြာဖိထားလို့ သေဆုံးခဲ့ရာက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ပါတယ်

ဆန္ဒပြပွဲတွေဟာ အမေရိကန် နိုင်ငံအနှံ့မှာ ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်မှုတွေပါ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်…စတိုးဆိုင်တွေကို လုယက်မှုအပါအ၀င် ရဲစခန်းတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်

Crd: That Ngai