အမေရိကန် ရဲ့ လုပ်ရပ်တွေ ကို သေချာေ ပါက်တုံ့ပြန်တော့ မယ်လို့ တရုတ်အစိုးရက အတိအလင်းကြေညာ

ဟောင်ေ ကာင်အရေးနဲ့ပတ်သတ်ပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို ပြန် လည်တုံ့ပြန်မယ်လို့ ဘေဂျင်းရှိ တရုတ်အစိုးရအဖွဲ့က အခိုင် အမာထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီကြေညာချက်ကို ဒီကနေ့မနက်ပိုင်းက ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပြီးပြည်တွင်းမှာ George Floyd အသတ်ခံရမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြမှုတွေပြင်းထန်နေတဲ့ အမေရိကန်အတွက်တော့နောက်ထပ်ထိုးနှက်မှုတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ” မိမိတို့ဘက်ကနေပြီး US အနေနဲ့ သူတို့ရဲ့အမှားကို ဆင်ခြင်နိုင်ဖို့အတွက် ထပ်တစ်လဲလဲသတိပေးပြီးဖြစ်တယ်။ US အနေနဲ့ လမ်းကြောင်းအမှားတစ်ခုအပေါ်ကို လျှောက်လှမ်းနေတယ်ဆို ဆင်ခြင်မိမယ်လို့ထင်ကြောင်း၊” ရေးသားဖော်ပြခဲ့ပါတယ်။

ဆက်လက်ပြီး အဆိုပါကြေညာချက်မှာ ပါဝင်တဲ့အချက်တွေအနေနဲ့ ” တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာ ကိုထိပါးလာတဲ့ဘယ်လုပ်ရပ်ကို မဆိုသည်းခံမှာမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံရဲ့ လုံခြုံရေးနဲ့တကွ တိုးတက်ကြီးပွားရေးကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စွက်ထက်မှုကို လက်ခံနိုင်မှာ မဟုတ်ကြောင်း ကြေညာလိုပါတယ်။ WHO ကနေပြီး US နှုတ်ထွက်သွားတဲ့ ကိစ္စဟာ နိုင်ငံရေးအာဏာအလွဲသုံးစားလုပ်တာဖြစ်ပြီးတော့ တစ်ဖက်သပ်ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ တရုတ်နိုင်ငံကယူဆပါတယ်” လို့သတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

ဒီတုံ့ပြန်ချက်ဟာ အမေရိကန်နိုင်ငံအတွင်းမှာ ဆန္ဒပြမှုတွေ ပြင်းထန်နေတဲ့အချိန်မှာ တရုတ်ရဲ့ အချိန်ကိုက် ထိုးကွက်တစ်ခုလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ……MOE WIN OO