စမိုင်းလ် တို့ ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် ပရိသတ်တွေအများအပြား လေးစားအားကျရတဲ့ ဇနီးမောင်နှံတွေဖြစ်ပြီး အလှူအတန်းဆိုလည်း တတ်နိုင်သလောက်လှူဒါန်းကြသလို နိုင်ငံတော်အတွက်လည်း တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပေးတာဖြစ်ပါတယ်။

မကြာေ သးခင်အတွင်း က နယ်သာလန်နိုင်ငံ သို့သွားရောက်ပြီး အမှုဖြေရှင်းရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ကို ဝန်းရံဖို့အတွက် စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်လုံး နယ်သာလန်နိုင်ငံကိုသွားခဲ့ကြတာဖြစ်ပါတယ်။

ပြန်ရောက် တဲ့အချိန်မှာတော့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က သမီးလေးတွေကိုခေါပြီး ကိုရီးယားကိုအလည်အပတ်ခရီးထွက်သွားကြတာဖြစ်ပါတယ်။စမိုင်းလ်ကတော့ ပျော်ရွှင်စရာ မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာဖြစ်လို့ စမိုင်းလ်ရဲ့ချစ်စရာမိသားစုလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြတာကြောင့် အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။

အခု ဆိုရင်တော့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က အလေးစားရဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့သွားရောက်တွေ့ဆုံရလို့ အပျော်လွန်ခဲ့ကြတာဖြစ်ပါတယ်။

အမေစုနဲ့ တွေ့ခိုက်လေးမှာ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်လုံးက အမေ့ကိုလက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့ခဲ့ကြတာပါနော်။ စမိုင်းလ်ကတော့ “အပျော်လွန်ပြီးငိုခဲ့ရသောနေ့တစ်နေ့”ဆိုပြီး အမေစုနဲ့ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ်။Photo Credit:စမိုင်းလ် Smile’s Facebook