Myanmar Idol Season (4) ပြိုင် ပွဲကြီးကတော့ တဖြည်းဖြည်းနဲ့ ပါဝင်ယှဉ်ပြိုင်သူတွေရော ပရိသတ်တွေကပါ အပြင်းအထန်ရင်ခုန်ရတဲ့ အချိန်အခါကို တစ်ပတ်ထက်တစ်ပိုမို နီးနီးကပ်ကပ်နဲ့ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားအနေနဲ့ အရင်အပတ်တွေလို မဟုတ်ဘဲ “မြန်မာရုပ်ရှင် ဇာတ်ဝင်တေးသီချင်းများ”အပြင် နောက်ထပ် “စိတ်ခွန်အားဖြစ်စေတဲ့ သီချင်း”စုစုပေါင်း သီချင်းနှစ်ပုဒ်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာပါ။

အက် စတာကတော့ ဇာတ်ဝင်တေးသီချင်းသီဆိုရမယ့်အလှည့်မှာ အမှားလေးတွေနဲ့ စတင်ခဲ့ပေမယ့် အဆုံးသတ်မှာ အကောင်းဆုံးသီဆိုနိုင်သွားနိုင်ခဲ့တာကြောင့် ဒိုင်လူကြီးတွေရော ဝေဖန်ထောက်ပြမှုတွေရော အားပေးမှုတွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်..။တေးရေးဆရာစိုင်းခမ်းလိတ်ရေးသားပုံဖော်ခဲ့ပြီး မူရင်းသီဆိုသူ စိုင်းထီးဆိုင်ရဲ့ ” နေ့သစ်” သီချင်းလေးကို ယှဉ်ပြိုင်ကာ Final ကိုတက်ရောက်သွားခဲ့တာပါ။

တစ်ချိုကသောပရိသတ်တွေကတော့ အက်စတာတစ်ယောက်အမှားအယွင်မးတွေဖြစ်သွားခဲ့တာတောင် Final ကိုတက်ရောက်သွားတာကြောင့် Finalကိုမတက်ရောက်သင့်ဘူးလို့ မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။ ဝေဖန်မှုတွေပြင်းထန်နေပြီး Winner ရဖို့မထိုက်တ်ဘူးလို့လည်း မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။

အက်စတာကိုမကြိုက်တဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ ဝမ်းနည်းတတ်တဲ့စိတ်ကို အမြဲငိုနေတယ်ဆိုပြီး အပြစ်ပြောကာ မျက်ရ်ာချူတယ်လို့ မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ချစ်တဲ့ပရိသတ်တွေကတော့ ဘယ်လိုအခြေအနေရောက်ရောက်အားပေးနေတာကြောင့် အက်စတာလေး အားမလျှော့ဖို့ အားပေးလိုက်ပါတယ်နော်။