အောန် ဆိုင်းကတော့ မြန်မာနိုင်ငံမှာ လူသိများထင်ရှားတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။ စူပါမော်ဒယ်လ်လို့ တင်စားခေါ်ဝေါ်ကြရအောင် အမိုက်စားခန္ဓာကိုယ်ကို အမြဲထိန်းသိမ်းထားတာဖြစ်ပြီး ဖက်ရှင်ပိုင်းမှာလည်း ပြောစရာမလိုအောင် ရွေးချယ်ဝတ်စားတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ခရီးအမြဲထွက်လေ့ရှိသူတစ်ယောက်လည်းဖြစ်ပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာဆိုရင်လည်း အလှဓာတ်ပုံလေးတွေအမြဲတင်ပေးလေ့ရှိသူတစ်ယောက်ပါ

မော်ဒ ယ်လ်တစ်ယောက်ရဲ့လုပ်ရပ်ဟာ မိမိနိုင်ငံကိုကိုယ်စားပြုနေတာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း စံထားလေးစားရမယ့် ပြယုဂ်တစ်ခုဖြစ်နေဖို့ဟာ အရေးကြီးပါတယ်အောန်ဆိုင်းကတော့ စူပါမော်ဒယ်လ်ဆိုတဲ့အတိုင်း ပရိသတ်တွေကို အလေ့အကျင့်ကောင်းလေးတွေလုပ်တတ်ဖို့ ကိုယ်ကိုတိုင်ရှေ့ကဦးဆောင်လုပ်ပြီး မျှဝေပေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ အောန်ဆိုင်း က သူမရဲ့ ဖေ့ဘုတ် အကောင့်မှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ အောန်ဆိုင်း ကတော့ “Fashion Week မှာ အောင်အောင်မြင်မြင် show လျှောက်နိုင်ခဲ့ပေမဲ့ အပြန်မှာ ခြေချော်ပြီး ခြေချင်းဝတ်လိမ်သွားတယ် Showပွဲပြီးမှ ဖြစ်လို့ တော်သေးတယ်ပဲ ပြောရမလား” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။

အောန်ဆိုင်း ကတော့ Fashion Week မှာရှိုးလျောက် နိုင်ခဲ့ပေမယ့်လည်း အပြန်မှာတော့ ခြေချော်ခဲ့တာကြောင့် ခြေချင်းဝတ် လိမ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် အောန်ဆိုင်းရဲ့ ပရိသတ်တွေကတော့ သူမကို စိတ်ပူနေပြီး သူမအတွက် အကြံပေး စကားလေးတွေကို ပြောဆိုထားတာ ကို တွေ့ရပါတယ်။ ပရိသတ်ကြီး ထဲမှာလည်း အောန်ဆိုင်းကို အားပေးတဲ့ သူတွေ ပါကြမယ် ထင်ပါတယ်