



Zuu

Unicode

လောကမှာသားသမီး နှစ်မျိုးရှိတယ်

ကိုယ့်ကို အကြွေးလာဆပ်တဲ့ သားသမီးရယ် ကိုယ့်ကို အကြွေးလာတောင်းတဲ့ သားသမီးရယ်ဆိုပြီး နှစ်မျိုးရှိတယ် ကိုယ်မွေးတဲ့ သားသမီးတိုင်းကရတနာ ဖြစ်စေချင်ကြပေမယ့် တချို့မိဘတွေက ကံဆိုးတယ်

ရတာနာ သွားခဲ့ကြတယ် အြေကြးလာဆပ္တဲသားသမီးဆိုတာ မိဘအပေါ်သိတတ်တယ်ကျေးဇူးမဆပ်နိုင်ရင်တောင် စိတ်ဒုက္ခ မပေးဘူးသူ့ဟာသူလေး အဆင်ပြေအောင် နေတတ်တယ် ပြီးတော့ မထောက်ပံ့နိုင်ရင်တောင် တဂျီဂျီလုပ်ပြီး ဒုက္ခ မပေးတတ်ဘူးမိဘကို ရှာမကျွေးနိုင်ရင်တောင် နောက်ထပ် ပြသနာနာတွေ အိမ်သယ်မလာတတ်တဲ့ ကလေးမျိုးပေါ့ အကြွေးလာတောင်းတဲ့ သားသမီးဆိုတာ

သူများတွေအပေါ် သည်းခံတတ်သလောက် ကိုယ့်မိဘအပေါ်ကျ အင်မတန်ဆိုးသွမ်းချင်ကြတယ် နားလည်ဖို့ဆိုတာ ဝေး လိုချင်တာ ဖြစ်ချင်တာ တစ်ခုတည်းသိပြီး အဆင်ပြေမှ ပြေရဲ့လား လုပ်ပေးနိုင်ရဲ့လား နည်းနည်းလေးမှ ထည့်မတွက်ဘူး သူတို့ဆန္ဒလောက်သာ ရှေ့တန်းတွေတင် ပြဿနာတွေရှာ အရင်က လင်မယားနှစ်ယောက်တည်း ပျာ်ရွှင်ခဲ့ရတဲ့ မိသားစုလေး ဒီသား ဒီသမီး ရလာမှ သောကတွေ ဝေကြရတယ် ဒါအကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့ မိဘ ကျေးဇူး မသိတတ်ရင်တောင် ကျေးဇူးမကန်းနဲ့ မစော်ကားနဲ့ မပြစ်မှားနဲ​​မွေးထားရုံနဲ့တင် ကျေးဇူးတော်တော်ကြီးနေပြီ အကြွေးလာဆပ်တဲ့ သားသမီးမျိုး မဖြစ်ရင်နေပါစေ အဖေ အမေဆီက အကြွေးလာတောင်းတဲ့ သားသမီးမျိုး မဖြစ်စေနဲ့ . . .

Zuu