ကြံခိုင်သန်စွမ်း တဲ့ ခန္ဓာကိုယ်နဲ့ ယောကျာ်းဆန်ဆန် မျက်နှာကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်က မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက မင်းသားတစ်လက်ပါပဲ။ ရုပ်လေးချောသလို ကြင်နာသနားတတ်တဲ့ ပိုင်တံခွန်က စိတ်ထားကောင်းသူ တစ်ယောက်လဲ ဖြစ်ပါတယ်။

အဲ့လို စိတ်ရောလူပါလှတဲ့ ပိုင်တံခွန်က အခုဆိုရင် မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနေတာပဲ ဖြစ်ပါတယ်။ပုံတိုင်းမှာ ချောမောနေလွန်းလို့ပရိသတ်တွေအသည်းစွဲဖြစ်နေရတဲ့ပိုင်တံခွန်က အခုလည်း ကောင်မလေးတွေကြွေသွားရမယ့် ကျက်သရေရှိတဲ့ ပုံလေးတွေကိုလည်း တင်ပေးနေလေ့ရှိတာကို အားလုံးလည်း တကယ်ကို သိပြီးသားဖြစ်မှာပါ ။

လတ်တလောမှာတော့ ပိုင်တံခွန်က ချစ်စရာမင်းသမီးချောလေး ပိုးမမှီသာနဲ့အတူ ပွဲတက်ခဲ့တဲ့ သူ့ရဲ့အမိုက်စားပုံရပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ အမြဲလိုလို အမိုက်စားပုံရိပ်တွေ ဝေမျှပေးလေ့ရှိတဲ့ မင်းသားချောလေး ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကိုတော့ ပရိသတ်တွေက အရမ်းကို သဘောကျနေကြတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းလှတဲ့ မိန်းမပျိုလေး ပိုးမမှီသာနဲ့အတူ လိုက်ဖက်ညီစွာ ပွဲတက်ခဲ့တဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အရမ်းချောလွန်းလို့ ထိုင်းနိုင်ငံမှာပါ အောင်မြင်နေတဲ့ ပိုင်တံခွန်ကတော့ ထူးခြားတဲ့ စန်းကြောင့် တစ်နေ့တစ်ခြား လူချစ်လူခင်ပေါများလာသူတစ်ဦးပဲ ဖြစ်ပါတယ်။