ဒီ ဇင်ဘာ(၂၂)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန် – မန္တလေး လမ်းဟောင်း’နဲ့ ကနောင်မင်းသားကြီိး လမ်းဆုံမှာ ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက်က AD Van အဖြူရောင်ကားပေါ်က တစ်သောင်းကျပ်တန် ငွေစက္ကူအတု (၃၉၆၈) ရွက်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။

တိုင်းရဲတပ် ဖွဲ့ကဖမ်းတယ် ဖမ်းပြီးတော့ ကျွန်တော်တို့ဆီမှာ အမုဖွင့်တယ် ပြီးရင် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအရ နယ် ရဲက မစစ်ဆေးပဲ CID က စစ်တာပါ။ ဒါကြောင့် ကျွန်တော်တို့က ချိန်နေတာပါ။ ကျွန်တော် စခန်းမှာ ကျွန်တော်ကိုယ်တိုင် စစ်ဆေး ဆိုရင်အကုန်ဖွင့်ချရဲပါတယ်။ ဒါကြောင့် ကျွန်တော်တို့က CID ကို ဒီနေ့ပဲ လွှဲပေးလိုက်ပါတယ်။

တိုင်းအမှူးကူအဖွဲ့က ဖမ်းတာဖြစ်တယ်။ ငွေစက္ကူအတုလုပ်တဲ့ အဖွဲ့တွေကို ဖမ်းတာပါ။ ငွေစက္ကူအတုကို အစစ်နဲ့ အရောင်းအဝယ်လုပ်မဲ့သူတွေပါ အဲ့ဒါကြောင့် တိုင်းအဖွဲ့က အချိန်မှီ ဖမ်းဆီးနိုင်ခဲ့တာပါ။ အခုလိုဖမ်းဆီးပီးတော့ ကျွန်တော်တို့ပြည်ကြီးတခွန် နယ်မြေရဲစခန်းကိုလာပြီး အမူဖွင့်တာပါ ဖွင့်တဲ့အခါမှာ ( ပ ) ၅၅၁ / ၂၀၁၉နဲ့မြန်မာနိုင်ငံ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ တော်ဘဏ် ဗဟိုအက်ဥပဒေပုဒ်မ ၁၀၆/ ၁၀၇ နဲ့တရားစွဲသွားမှာဖြစ်တယ်။ တယ်ဖမ်းဆီးရမိသူ ၅ ဦးဖြစ်ပြီး တစ်သောင်းတန်ငွေစက္ကူပေါင်း လေးထောင်နီးပါရှိတယ်လို့ ပြည်ကြီးတခွန်မြို့နယ်ဒုရဲမှူး အောင်ထူးက အခု လိုပြောဆိုလိုက်ပြောပါတယ်။

ဖြစ်စဉ်မှာ ငွေစက္ကူအတုနှင့်အစစ် လဲလှယ်မည်ဆိုသည့် သတင်းအရ ရန်ကုန် – မန္တလေး လမ်းဟောင်းရှိ တည်းခိုခန်းတစ်ခုရှေ့တွင် စောင့်ဆိုင်းနေစဉ် မသင်္ကာသူများက AD Van အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် တည်းခိုခန်းမှ ထွက်ခွာသွားသဖြင့် နောက်ယောင်ခံလိုက်ခဲ့ရာ ရန်ကုန် – မန္တလေး လမ်းဟောင်းနှင့် ကနောင်မင်းသားကြီိးလမ်းဆုံ မီးပွိုင့်တွင် မီးနီ၍ ရပ်တန့်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ။

အဆိုပါယာဉ်ပေါ်တွင် ဝေယံမင်းခင် (ခ) ဝေယံ (၃ဝနှစ်) ၊ ဇင်မင်းထွန်း (၁၈နှစ်) ၊ ဇော်မင်းနိုင် (ခ) ရဲလေး(၄၄နှစ်) ၊ ကျော်ခိုင် (၄၄နှစ်) ၊ မောင်ကြီး (ခ) မြခိုင် (၅၁နှစ်) တို့အား ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်မြို့တွင်နေထိုင်သူများဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည် ။

ဖမ်းဆီးရမိသူများနှင့်အတူ မှတ်ပုံတင်ကတ်များ၊ ဖုန်းများ၊ အဝေးပြေးကားလက်မှတ်များ၊ ကာလာပရင်တာဝယ်ယူထားသည့် ဘောင်ချာ၊ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်၊ တစ်သောင်းကျပ်တန် အစစ် (၁၅)ရွက်၊ တစ်သောင်းကျပ်တန် ငွေစက္ကူအတု (၃၉၆၈) ရွက်တို့ကို သိမ်းဆည်းရမိခဲ့သည် ။

“ငွေစက္ကူ အတုတွေ မိတာတော့ ဟုတ်တယ်။ တိုင်းက ဖမ်းတာပါ။” ဟု ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့ မှ ရဲအရာရှိ တစ်ဦး က ပြောသည် ။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဝေယံမင်းခင် (ခ) ဝေယံ ပါ (၅) ဦးအား စက်မှုနယ်မြေရဲစခန်းတွင် (ပ)၅၅၁/၂၀၁၉၊ ၂၀၁၃ခုနှစ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ – ၁၀၆/၁၀၇ အရ အမှုဖွင့် ဖမ်းဆီးထားပြီး တရားစွဲတင်နိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

သတင်း ဓာတ်ပုံ – မင်းထွဋ်ခေါင်

Credit to AlinnMyay